အခန်း ၂၀

702 97 1
                                    

ဂိတ်တံခါးကို ဖြတ်သန်းပြီးနောက် လင်ကျင်းယဲ့သည် မအံ့သြဘဲမနေနိုင်တော့ချေ။

“ဘာဖြစ်လ်ို့  အမတက မင်းကိုလှည့်စားခဲ့တာလဲ? အဲဒါက အပြစ်ပေးတာနဲ့မတူဘဲ လက်စားချေတာနဲ့ တူနေတယ်”

ကျိုးရွှမ်လန်သည် လက်ကိုဆန့်လိုက်ကာ သူ့နဖူးသူပြန်ထိလိုက်‌လေသည်။

ရှစ်ဇွင်း၏ အေးစက်စက် လက်ချောင်းများသည် သူ့နဖူးပေါ်သို့ ကျရောက်လာ၍ အသာလေးခေါက်ခဲ့‌လေရာ သူအသိပြန်ဝင်ချိန်တွင် ဇာမဏီကဲ့သို့ စူးရှသောမျက်ဝန်းတစ်စုံနှင့်အကြည့်ချင်းဆုံသွား‌လေသည်။

သူ၏မျက်ဝန်းထောင့်များ ကော့တက်သွားပြီး စိတ်ကျေနပ်ဟန်ပေါ်သော ခပ်ညစ်ညစ်အပြုံးတစ်ခု ပေါ်လာလေသည်။

သူသည် ကျိုးရွှမ်လန်နာကျင်သွားသည်ကို သိသဖြင့် ကျေနပ်ပျော်ရွှင်နေလေသည်။

ကျိုးရွှမ်လန်သည် အနည်းငယ်စိတ်ရှုပ်သွားပြီး သူ၏စိတ်ထဲတွင် တစ်စုံတစ်ရာက ကုတ်ခြစ်နေသကဲ့သို့ ခဏမျှ ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။

ရှစ်ဇွင်းသည် သူ့အား စိတ်ဆိုး၍အပြစ်ပေးသည်မှန်သော်လည်း ထိုအပြုအမူက သူ့အားပို၍စိတ်အနှောင့်အယှက်ဖြစ်စေသည်။ ကျိုးရွှမ်လန်သည် ထိုအချိန်တွင် သူ့နှလုံးသား၏အနက်အရှိုင်းဆုံးနေရာမှ တစ်ခုခုပွင့်ထွက်လာတော့မည်ကို ခံစားမိလိုက်လေသည်။

သူ့စိတ်ကိုပြင်ဆင်ကာ အာရုဏ်ဦးတိမ်လွှာတောင်ထွဋ်ကိုသွားချင်သော်လည်း ထိုသို့မလုပ်ချင်ခဲ့ပေ။ ထို့ကြောင့် စိတ်တည်ငြိမ်စေရန်အတွက် ကျွယ်ချွမ်းမြစ်သို့ အလျင်စလိုသွားကာ တစ်နာရီခန့်တရားအားထုတ်ခဲ့‌လေသည်။

ကျွယ်ချွမ်းမြစ်ရေသည် ချင်းလင်ဂိုဏ်း၏အနောက်ဘက်ရှိ တောင်များဆီမှ မြစ်ဖျားခံစီးဆင်းလာပြီး ရေ၏အရည်အ‌သွေးမှာ အလွန်ကောင်းမွန်ပြီးကြည်လင်လျက်ရှိသည်။

ကျိုးရွှမ်လန်သည် မြစ်ကမ်းဘေးမှာ ငုတ်တုတ်ထိုင်ချကာ ရေကိုလက်ဖဝါးဖြင့်ခပ်ယူပြီး မျက်နှာသစ်လိုက်လေသည်။ ရေစက်ရေပေါက်လေးများက သူ၏‌မေးရိုးအတိုင်းလိမ့်ဆင်းလာကာ ရေပေါ်ရှိချောမောခန့်ညားသော လူငယ်‌လေး၏ပုံရိပ်ကို ဖရိုဖရဲနှင့်လှိုင်းထသွားစေသည်။

ဗီလိန်ရှစ်ဇွင်းက ပန်းပွင့်လေးလိုပါလား-Unicode (Ongoing)Where stories live. Discover now