အခန်း ၁၃

675 112 2
                                    

“ရှစ်ဇွင်း?”

ကျိုးရွှမ်လန်ခေါ်လိုက်သောအခါ ကုတင်ပေါ်ရှိ စောင်နှင့်ပတ်ထားသောပုံရိပ်မှာ တုန်လှုပ်သွားသည်။ သူသည် စောင်ကိုမ,ရန် လက်ကိုဆန့်ထုတ်လိုက်ရာ

“ရှေ့တိုးမလာနဲ့!”

စောင်အောက်မှထွက်လာသောအသံသည် နှာသံအနည်းငယ်ပေါက်နေပြီး ကြမ်းရှရှဖြစ်နေသည်မှာ ယခုလေးတွင်ပင် အိပ်ရာမှ နိုးလာသည်ကို ညွှန်ပြနေသည်။

မသိပါက တစ်ယောက်ယောက်၏ အနိုင်ကျင့်ခံထားရပုံပင်။

ကျိုးရွှမ်လန်သည် ချက်ချင်းပင် လက်ကိုနောက်ဆုတ်လိုက်ပြီး ခဏမျှ တိတ်ဆိတ်သွားလေ၏။ ထို့နောက်
“ရှစ်ဇွင်း လက်ထုတ်ပေးပါဦး”

ခဏမျှကြာသောအခါ ကျောက်စိမ်းကဲ့သို့ဖြူသောလက်တစ်ဖက်သည် စောင်ပုံအောက်မှထွက်လာ၏။ လက်ကောက်ဝတ်အထိထွက်ပေါ်လာပြီး လက်ချောင်းလေးများကို ဝှေ့ယမ်းလိုက်ကာ

“မင်း အရင်ထွက်သွားလိုက်”

တပည့်ဖြစ်သူအား မျက်နှာချင်းမဆိုင်လိုသောကြောင့် ရှန်လျှိုရှန်းသည် သူ့ကိုယ်သူ စောင်ပုံအောက်ထဲတွင် မြှုပ်ထားလေသည်။ သူ၏အမြင်အာရုံသည် မှောင်မိုက်နေသောလည်း ပတ်ဝင်ကျင်အပေါ်အာရုံစူးစိုက်မှုမှာ ပို၍ပင်အားကောင်းလာသည်။

ဆန့်ထုတ်ထားသောလက်များမှာ အခန်းတွင်းအေးစက်စက်လေထုကိုခံစားလိုက်ရသည်။ ထိုစဉ်မှာပင် နွေးထွေးသောလက်တစ်ဖက်က သူ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လာသည်။

“?”

ရှန်လျှိုရှန်းသည် မျက်လုံးများကို အနည်းငယ်ဖွင့်လိုက်သည်။

ကောင်းကောင်းပြောရင်ရရဲ့သားနဲ့ ဘာကိစ္စခြေတွေလက်တွေပါလာတာလဲ!?

အသည်းအသန်ပင် သူ၏လက်ကို ရုန်းထွက်ရန်ကြိုးစားလိုက်သော်လည်း ထိုသူက လွှတ်မပေးချေ။ ထိုသို့ရုန်းထွက်နေစဉ်တွင် သူ၏အင်္ကျီလက်မှာ လက်မောင်းသားများအထိအောင် ပေါ်သွားလေသည်။ လေအေးအေးက သူ၏လက်မောင်းအားဖြတ်၍တိုက်ခတ်သွားပြီး အကြည့်စူးစူးတစ်ချက် ကျရောက်လာရာ ရှန်လျှိုရှန်းသည် ဆံပင်မွှေးများပင် ထောင်သွားမတတ်ပင်။

ဗီလိန်ရှစ်ဇွင်းက ပန်းပွင့်လေးလိုပါလား-Unicode (Ongoing)Where stories live. Discover now