အခန်း ၂၃.၂ - ရှစ်ဇွင်း! သူကဘယ်သူလဲ?

362 54 0
                                    

စားသောက်ဆိုင်တစ်ခုလုံးရှိခုံများမှာ လူအပြည့်ဖြစ်နေပြီး ၎င်းတို့ထဲမှအများစုသည် ကျင့်ကြံသူများဖြစ်ကြလေရာ သူတို့၏စကားဝိုင်းသည်လည်း လတ်တလော ပေလွမ်ဓားဂိုဏ်းတွင် ဖြစ်ပွားခဲ့သော အကြောင်းအရာများသာ ဖြစ်လေ၏။

“ကျင့်ကြံသူတစ်‌ယောက်က မဟာယနအဆင့်ကို ရောက်သွားပြီဆိုရင် အဲဒီကျင့်ကြံသူက ကောင်းကင်ဘုံကိုတက်လှမ်းနိုင်တယ်လို့ အဆိုရှိကြလို့ အဲဒီပေလွမ်ဓားဂိုဏ်းတစ်ခုလုံးလည်း ဂုဏ်ပြုတာကိုခံရလိမ့်မယ်”

“အဲလိုတော့ ပြောလို့မရနိုင်ဘူး! လက်ရှိဂိုဏ်းချုပ်နဲ့ တာအိုကျင့်ကြံသူရဲ့ဆက်ဆံရေးက အဆင်မပြေကြဘူးလေ! သူတို့တွေက ဆရာနှင့်တပည့်ဆိုပေမဲ့ အရမ်းကြီးမရင်းနှီးကြဘူး... တကယ်တမ်းတော့ တာအိုကျင့်ကြံသူက သူ့တပည့်လူငယ်လေး နင်ရွမ့်ရှင်းကိုတော့ သဘောအကျဆုံးပဲ!”

“မဟုတ်သေးဘူး... အဲဒီလိုဆို သူ့တပည့် ယဲ့ပင်းရန်ကိုလည်း ထည့်ပြောလို့ရတယ်”

“အဲဒါက အရင်တုန်းကလေ! နင်ရွမ့်ရှင်းက အမှားတစ်ခုလုပ်မိပြီးတဲ့နောက်မှာတော့ တာအိုကျင့်ကြံသူက သူ့တပည့်ငယ်လေးရဲ့ ကျင့်ကြံရေးမှာတိုးတက်ဖို့ဂရုတစိုက်နဲ့ ကူညီပေးခဲ့တယ်”

“အိုက်ယား... သနားစရာကောင်းတာက ယဲ့ပင်းရန်နဲ့ နင်ရွမ့်ရှင်းတို့က တစ်ချိန်တုန်းက ဓားဂိုဏ်းရဲ့တံတိုင်းနှစ်ခုလို့ နာမည်ကြီးခဲ့ပေမဲ့ အခုချိန်မှာတော့ သူတို့ရဲ့ကျင့်ကြံမှုတွေက မိုးနဲ့မြေလိုကွာခြားသွားတာပဲ”

“နင်ရွမ့်ရှင်းက ကျင့်ကြံရေးလုပ်ဖို့ ပြင်ပလောကထဲထွက်သွားတဲ့အချိန်မှာ အချစ်ကျော့ကွင်းထဲပိတ်မိသွားတယ်! ‌ဘယ်သူကထင်ထားမှာလဲ သူ့ရဲ့ကျင့်ကြံခြင်းက အခြေတည်အဆင့်မှာပဲရပ်သွားပြီး နောက်ထပ်အဆင့်ထပ်မတက်တော့ဘူး! ကံကောင်းချင်တော့ ဆရာကောင်းနဲ့တွေ့ပြီး အခုဓားဂိုဏ်းမှာ သူ့အဆင့်က ကျမသွားရုံမကဘဲ အဆင့်ပါတက်သွားလိုက်‌သေးတယ်”

“ဒီအကြောင်းကိုပြောမှပဲ သူ့ကို တစ်ယောက်ယောက်က ငြင်းလိုက်သေးတယ်ဆို! အဲဒါကြောင့်ပဲ သူ့ရဲ့မိစ္ဆာစိတ်က ပေါ်လာတာတဲ့”

ဗီလိန်ရှစ်ဇွင်းက ပန်းပွင့်လေးလိုပါလား-Unicode (Ongoing)Where stories live. Discover now