အခန်း ၂၁

643 91 11
                                    

နန်ယောက်ချွမ်သည် မြေပြင်ပေါ်သို့လဲကျနေသော ကျင့်ကြံသူလူငယ်လေးကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်လေသည်။

ထိုသူသည် မဟုတ်တာလည်းလုပ်သေးသည့်အပြင် သူ့ဆီကပါ အလျော်တောင်းလိုက်သေးသည်။ သင်ခန်းစာပေးမှရပေတော့မည်။

“ချင်းလင်ဂိုဏ်းကသူ‌တွေက ဒီလိုမျိုးလုပ်နေကျပဲလား?” သူသည် လက်ဖဝါးကိုလှန်လိုက်ရာ မြေကြီးပေါ်တွင်ကျနေသော အသီးပုတ်များသည် စတင်၍တုန်ခါလာလေ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့သည် ရှန်လျှိုရှန်း၏ အရှေ့တွင်စုပုံလာလေသည်။

အသီးများအားလုံးသည် မူလအတိုင်းပြန်ဖြစ်သွားရုံသာမက စပျစ်သီး၊ ပန်းသီး၊ လိမ္မော်သီး အစရှိသဖြင့် သူ့အမျိုးအစားအလိုက် အစီအစဉ်တကျ သပ်သပ်ရပ်ရပ်ပင် အတန်းလိုက်စုသွားလေသည်။

ရှန်လျှိုရှန်းမှာ အံ့ဩသွားရလေသည်။ ဒီမန္တန်က တကယ်ကို မယုံနိုင်စရာပဲ! မူလဝတ္ထုထဲတွင် နန်ယောက်ချွမ်သည် အလွန်ပင်တော်ပြီး အခြားသူများမကြားဖူးသည့်မန္တန်များကိုပင် သိလေသည်ဟုပါသော်လည်း မျက်စိဖြင့်ကိုယ်တိုင်မြင်တွေ့သောအခါတွင်မှ ထိုသူသည် မည်မျှပင်အစွမ်းထက်သည်ကို ကိုယ်တိုင်သိပေလိမ့်မည်။

သူ(ရှန်လျှိုရှန်း)သည် ခပ်တည်တည်ဖြင့် လိမ္မော်သီးတစ်လုံးကိုကောက်ယူလိုက်ပြီး သူ၏ရှည်လျားဖြူသွယ်သည့် လက်ချောင်းဖြင့် ဆိတ်ကာ နန်ယောက်ချွမ်ကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။

ဒါနဲ့ မင်းကဘယ်လိုဖြစ်ပြီး စိတ်ကောင်းဝင်နေရတာလဲ!

သူ(ရှန်လျှိုရှန်း)ယခုကဲ့သို့ တွေးမိ‌နေသောအချိန်တွင် ရုတ်တရက်တစ်ခုခုကို သဘောပေါက်သွားပြီး လက်ထဲတွင်ကိုင်ထားသော လိမ္မော်သီးကိုနန်ယောက်ချွမ်ဆီပေးပြီး တစ်ချိန်တည်းမှာပင် သစ်သီးပုံဆီမှ အမြန်ပင် လှည့်ထွက်ခဲ့‌လေသည်။

သူလှည့်ထွက်လိုက်သည်နှင့် နားနေဆောင်ထဲမှ ပေါက်ကွဲသံတစ်ခုကိုကြားလိုက်သည်၊၊

ဝုန်း! ဝုန်း! ဝုန်း!!!

အသီးများအားလုံး အပိုင်းပိုင်းအစစပေါက်ထွက်သွားကုန်သည်။ အကယ်၍ ရှန်လျှိုရှန်းသာ အချိန်မီမရှောင်လိုက်နိုင်လျှင် သူ့တစ်ကိုယ်လုံး အရောင်စုံအသီးဖျော်ရည်နှင့် ဖုံးလွှမ်းသွား‌ပေလိမ့်မည်။

ဗီလိန်ရှစ်ဇွင်းက ပန်းပွင့်လေးလိုပါလား-Unicode (Ongoing)Where stories live. Discover now