အပိုင်း၅
မနက် ၈နာရီခွဲ ဝန်းကျင် လမ်းမကျယ်ပေါ်က ကားအနက်လေးထဲမှာတော့.....
"ဇေး ဒီနေ့အစည်းအဝေးအတွက် သေချာပြင်ဆင်ထားပါ ဒီနေ့အစည်းအဝေးကအရေးကြီးတယ်"
"စိတ်ချပါဆရာ အားလုံးပြင်ဆင်ထားပါတယ်"
"အင်း ငါအခုလမ်းမှာ ၅မိနစ်အတွင်းရောက်မယ်"
"ဟုတ်ကဲ့ပါ ဆရာ"
ထို့သို့ပြောကာ ခွန်းဖုန်းအားချလိုက်ပြီး ကုမ္ပဏီ အား၅မိနစ်အတွင်းရောက်စေရန် ကားအားအရှိန်တင်လိုက်သည်။
ဒီနေ့အစည်းအဝေးသည် ရှယ်ယာဝင်အစည်းအဝေးဖြစ်ကာ နိုင်ငံခြားမှလာရောက်ကာခွန်းတို့ကုမ္ပဏီတွင်ရှယ်ယာဝင်ကာ အလုပ်အတူတွဲလုပ်ချင်သူများပါလာမှဖြစ်လို့ ဒီအစည်းအဝေးပွဲသည် အင်မတန်မှအရေးကြီး၏။
"အစည်းအဝေးခန်းထဲဝင်လို့ရပါပြီ ဆရာ"
ဇေး ထိုသို့ပြောလိုက်သောအခါ ခွန်းတစ်ချက်ခေါင်းညိမ့်ခါ အစည်းအဝေးခန်းထဲသို့ခြေလှမ်းကြဲများဖြင့် စတိုင်ကျစွာဝင်သွားတော့သည်။
အစည်းအဝေးသည် အသစ်ထုတ်လုပ်မဲ့projectအကြောင်းပါအနည်းငယ် ဆွေးနွေးလိုက်တာမို့ အချိန်အားဖြင့် ၂နာရီကျော်ကျော်လောက်ပင် ခွန်းတို့အစည်းအဝေးခန်းထဲတွင်ကုန်ဆုံးခဲ့ပြီးနောက် အစည်းအဝေးကြီးဟာလဲပြီးဆုံးသွားတော့သည်။
ရှယ်ယာဝင်ချင်သူများဟာလဲ ခွန်းတို့၏projectအသစ်ကိုစိတ်ဝင်စားသွားကြကာ အလွန်သဘောကျသွားပုံရသည်။
"ဆရာ ပင်ပန်းသွားပါပြီ ကော်ဖီလေးသောက်ဦးမလားဗျ"
"အင်း ဒီနေ့တော့တကယ်အဆင်ပြေတယ် ကျေးဇူးပဲ ဇေးမင်းအကူအညီတွေကြောင့်လဲပါတယ် ကော်ဖီကိုခါးခါးဖျော်ခဲ့ပေးပါ"
ဇေးသည်ခွန်းအား ဦးညွန့်ကာကော်ဖီဖျော်ရန်ထွက်လာလိုက်တော့သည်။
ခွန်းသည်အစည်းအဝေးပြီးကတည်းက ကုမ္ပဏီစာရင်းများကိုစစ်လိုက်ရာ ယခုဆိုနေ့လည် ၁နာရီ
ကျော်ပီပင်ဖြစ်သည်။ခွန်းသည် နေ့လည်စာအတွက်ကုမ္ပဏီအနီးအနားမှာရှိသော စားသောက်ဆိုင်တစ်ခုတွင်သာစားဖို့ဆုံးဖြတ်လိုက်သည်။

YOU ARE READING
My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ] (Completed)
Teen Fictionခွန်းသမိုးညို × သစ္စာမှိုင်းလွန် အရေးအသားမကောင်းခြင်း၊[+]အခန်းများမြောက်များစွာပါဝင်ပြီး ကိုယ့်အတွက်ဘာအကျိုးမှရမည်မဟုတ်တဲ့စာဖြစ်သည်နှင့်အညီ မကြိုက်လျှင်အတင်းမဖတ်စေလိုပါ။ #ကမာကောင်