အပိုင်း၂၈..
"Oh you hate me?
So enemies to lovers?"
_________________________________________"ကိုကိုကြီး ကျွန်တော့်ကိုcompanyမှာနေရာတစ်ခုပေးပါ အရင်ကပျော့ညံ့တဲ့သစ္စာမှိုင်းလွန်ဆိုတဲ့ကောင်မရှိတော့ဘူး"
အခန်းထဲတွင် ကိုယ့်ကိုကိုယ်၃ရက်လောက်ပိတ်လှောင်ပြီးတံခါးဖွင့်ဖွင့်လာချင်း ဆိုလာတဲ့ညီဖြစ်သူရဲ့စကားကြောင့် ဒါမှငါ့ညီကွ ဆိုကာ move onနိုင်သွားသည့်သူ့ညီအားဂုဏ်ယူစွာ
သစ္စာပေးဆပ်ခဲ့ပေါင်းများခဲ့ပြီ နှလုံးသားတစ်ခုလုံးစုတ်ပြတ်သည်အထိ။ဒဏ်ရာများလာတဲ့ နှလုံးသားဟာနာကျင်မှန်းတောင်မသိတော့လောက်အောင်ကို ထုံနေပြီ။
ယနေ့ကစပြီး ခွန်းသမိုးညိုဆိုသည့်လူကိုမုန်းပါတော့မည်။ထပ်လဲမပတ်သတ်ချင်တော့ပါ မပတ်သတ်ရဲတော့တာဟုပြောလျှင်ပိုမှန်မှာပေါ့
ပြစ်ချက်တွေမရှိအောင်ကိုပြည့်စုံနေတဲ့ လူတွေကသိပ်ကြောက်ဖို့ကောင်းလွန်းတယ်
သစ္စာ သူ့အကိုဖြစ်သူရဲ့companyမှာ ရာထူးကြီးကြီးကိုတန်းမယူပဲအောက်ခြေကနေစတင်လေ့လာသည်။စစချင်းပိုင်းကတော့ သေချင်လောက်အောင်ကိုပင်ပန်းသည် လုပ်စမရှိတဲ့အသစ်အဆန်းတွေဆိုတော့အကုန်လွဲလွဲချော်ချော် အရင်လိုအိပ်ချင်သလိုအိပ်မရတော့ပဲ အချိန်ကဘယ်လိုအဖိုးတန်ကြောင်းသိလာရသည်။
စိတ်ဓာတ်တွေကျလာသည့်အခါတိုင်း ကိုယ်ဒီလိုတွေခံစားရအောင်လုပ်သွားသည့်လူတွေ၊အထင်သေးတဲ့အကြည့်တွေနဲ့ကြည့်ခဲ့တဲ့လူတွေရဲ့ခေါင်းတွေအကုန် ငါသစ္စာမှိုင်းလွန်ဆိုတဲ့ကောင်ရဲ့ခြေထောက်အောက် ပြားပြားဝတ်စေရမယ်ဆိုတဲ့စိတ်ကခံပြင်းစွာ
သူ့ရဲ့အဆိုးဆုံးအချိန်တွေမှာတောင်အနားမှာရှိပေးတဲ့ ကိုကိုကြီးနဲ့သူငယ်ချင်းနှစ်ကောင်ကသူ့အတွက်တော့ရေငတ်နေသည့်အချိန် သောက်လိုက်ရသည့်ရေတစ်ခွက်ပမာ။သူတို့သာမရှိခဲ့လျှင် သစ္စာလဲကျနေရာကပြန်ထနိုင်ဖို့မဖြစ်နိုင်
Companyကဒီနေ့ overtimeဆင်းခဲ့ရတာကြောင့်လူကကြွက်စုတ်ရေနစ် မျော့မျော့ပဲကျန်တော့တယ်ပင်ပန်းလိုက်တာ

YOU ARE READING
My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ] (Completed)
Teen Fictionခွန်းသမိုးညို × သစ္စာမှိုင်းလွန် အရေးအသားမကောင်းခြင်း၊[+]အခန်းများမြောက်များစွာပါဝင်ပြီး ကိုယ့်အတွက်ဘာအကျိုးမှရမည်မဟုတ်တဲ့စာဖြစ်သည်နှင့်အညီ မကြိုက်လျှင်အတင်းမဖတ်စေလိုပါ။ #ကမာကောင်