သစ္စာ ခွန်းနဲ့ အတူနေနေတာဟာ ရက်အနည်းငယ်ပင်ရှိသွားပြီ။ နံနက်ခင်းတိုင်းဟာလဲ တိတ်ဆိတ်သောအခိုက်အတန့်တွေ၊ ဆုံသွားကြတဲ့ သူတို့အကြည့်တွေ၊ ပေါ့ပါးတဲ့ စကားဝိုင်းတွေနဲ့ မထင်မှတ်ထားအောင် ထူးဆန်းတဲ့ငြိမ်သက်မှုတို့နဲ့ ပြည့်နေပါတယ်။တစ်အိမ်လုံးက တိတ်ဆိတ်နေတယ်၊တစ်ချိန်က တင်းမာမှုတွေရဲ့အလယ်မှာ ရှိခဲ့ဖူးတဲ့ လူနှစ်ယောက်အတွက်တော့ အရမ်းတိတ်ဆိတ်နေတယ်။ဒါဟာ ထူးဆန်းတဲ့ ငြိမ်သက်မှုတစ်ခု ဖြစ်ပေမယ့် နှစ်ယောက်စလုံး လိုအပ်နေတဲ့ ငြိမ်သက်မှုတစ်ခုပါပဲ။
ငြိမ်သက်ခြင်းက သူတို့အပေါ် သက်ရောက်ပုံရတယ်။သစ္စာကတော့ မီးဖိုချောင်ကောင်တာမှာ ထိုင်နေပြီး ခွန်း ကတော့ သစ္စာအတွက် သူကိုယ်တိုင်စေ့စေ့စပ်စပ် ဒီဇိုင်းထုတ်ထားတဲ့ ပြတင်းပေါက်ကနေ အပြင်ကို စိုက်ကြည့်နေတယ်။ခွန်းကလဲ ကုမဏီကိုမသွားတာဟိုတစ်ရက်ကတည်းကဖြစ်ပြီး သစ္စာ၏မိဘများကိုလဲ ဒူးထောက်တောင်းပန်ကာ သစ္စာအားသူပြန်ခေါ်ထားချင်ပါကြောင်း ခွင့်တောင်းထားသည်။အခုကတော့ သူတို့အတွက်တိတ်ဆိတ် ငြိမ်သက်နေသည် တစ်ချိန်က သူတို့ဖန်တီးခဲ့တဲ့ ပရမ်းပတာတွေနဲ့ ဝေးကွာလွန်းလှသည်။ထိုပရမ်းပတာတွေကလဲ အဆင်ပြေခဲ့သလို အခုလိုအခြေအနေဟာလဲ တမျိုးလေးသူတို့ကြားအဆင်ပြေနေပြန်တယ်။
ခွန်း သူ့နှလုံးသားရှိရာ မီးဖိုချောင်ထဲသို့ လျှောက်သွားလိုက်သည်။ သစ္စာမှိုန်းလွန်ဆို သော်လူသည် သူ့ဘဝအတွက် အရေးအပါဆုံးသူဖြစ်သည် အခုမှမဟုတ်ပဲအရင်ကတည်းပင် သူ့အတွက်အရေးပါဆုံး လွန်ခဲ့တဲ့2နှစ်က ခွန်းသမိုးညိုမှာ မာနတွေကြောင့်ချစ်ရသူနှင့်ဝေးခဲ့ရသေးသည်။သူသည် သစ္စာ အတွက် ဤအိမ်ကို ဆောက်ခဲ့သည်။အခုဆိုလျှင် သစ္စာကလဲသူ့အနားရှိနေပြီ..ဒါဟာ သူလိုချင်တဲ့အနာဂတ်ရဲ့ သင်္ကေတတစ်ခု၊ သူဘယ်တော့မှမရနိုင်ဘူးလို့ သူထင်ခဲ့တဲ့ အနာဂတ်တစ်ခုပါ။အခု သူတို့နှစ်ယောက်အတူတူနေထိုင်နေပြီဆိုတော့ သူတို့နှစ်ယောက်ကြားက မပြီးဆုံးသေးတဲ့ အကြောင်းအရာတွေ၊ မှားယွင်းခဲ့တာ တွေကိုထားခဲ့ပြီး အခုခြေလှမ်းတွေဟာ သူတို့အတွက်ဘဝအစအသစ်တစ်ခုလို ခံစားရတယ်။

YOU ARE READING
My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ] (Completed)
Teen Fictionခွန်းသမိုးညို × သစ္စာမှိုင်းလွန် အရေးအသားမကောင်းခြင်း၊[+]အခန်းများမြောက်များစွာပါဝင်ပြီး ကိုယ့်အတွက်ဘာအကျိုးမှရမည်မဟုတ်တဲ့စာဖြစ်သည်နှင့်အညီ မကြိုက်လျှင်အတင်းမဖတ်စေလိုပါ။ #ကမာကောင်