Part27 [U]

10.3K 349 18
                                        

အပိုင်း၂၇..

"ဖယ်စမ်းပါ ခဗျား.!"

"ဘေဘီကကွာ "

ဒီမနက်ကတည်းက‌ဒီပါ့မယ်ချော့နေရတာမပြီးနိုင် မီတင်တွေအကုန်လုံးကိုပါဖျက် companyလဲမသွားပဲသူ့ကိုချော့နေရတာကိုအခုထိမပြေသေးတာပင်

ဖြစ်ပုံကဒီလို

ဒီပါ့ရဲ့အရင်အဆက်ဟောင်းထဲက ဒီပါအကြာဆုံးတွဲခဲ့တဲ့ကောင်မလေးကအခုသူတို့‌နှစ်ယောက်မဆိုင်တော့တာကို ဒီပါ့ကိုပြန်ကပ်လာတာ၂ပတ်လောက်ရှိနေပြီ မိန်းကလေးမလို့ကောသူ့အဖေကဒီပါ့ရဲ့ business partnerမလို့ပါဘာမှသိပ်လွန်လွန်ကျွန်ကျွန်မပြောပဲရှောင်နေတာ ဘေဘီ့ကိုမပြောတာလဲအဲ့တာပါတယ်ဘေဘီသာသိရင်ဝုန်းဒိုင်းတွေကြဲမှာမလို့ဖုံးထားပါတယ်ဆိုမှ

ဒီမနက်ဟိုဘက်ကဒီပါ့ဖုန်းကိုဆက်တော့ဒီပါရေချိုးတုန်းအဲ့တာနဲ့ဘေဘီပဲကိုင်လိုက်ပြောလိုက်မိပါတယ် ဟိုဘက်ကမိန်းမကဘာတွေပြောလိုက်လဲတော့မသိပါဘူး အဲ့ကတည်းကပြတ်မယ်တွေလုပ်လို့ဒီပါ့မယ်ခြေမကိုင်မိလက်မကိုင်မိ

"ကျုပ်နဲ့ခဗျားနဲ့ပြတ်မှာ"

"မပြတ်ပေးဘူး"

"မနက်ကခဗျားရဲ့ဟာမနဲ့ဆီပဲသွား"

"မဟုတ်ဘူး ဘေဘီကိုကိုပြောပြထားတယ်လေသူကကိုကို့အဆက်ဟောင်းကိုကိုနဲ့မဆိုင်တော့ဘူး"

"အဲ့တာဆိုလီးဖြစ်လို့အဲ့ဟာမက ခဗျားဖုန်းကိုဆက်ပြီးကုတင်ပေါ်ကကိစ္စတွေအထိပါပြောတာလားဟမ်"

"ဘေဘီ မဟုတ်-"

ဒီပါဘယ်လောက်ရှင်းပြရှင်းပြကောင်းကနားမဝင်တော့ပါသွေးပူနေတဲ့အချိန်မလို့ပါလေဆိုပြီး ဒီပါဘေဘီ့ကိုခနအလျော့ပေးလိုက်ရသည်။

"ခဗျားမပြတ်လဲကျုပ်ပြတ်တယ်"

ဆိုပြီးပြောကာ ကားနဲ့ဝူးခနဲထွက်သွားတဲ့ဘေဘီကြောင့်ဒီပါစိတ်ထဲဘဝင်မကျ အခုချိန်လွှတ်ထားမှရမှာမလို့ဒီပါသူ့တပည့်တစ်ယောက်ကိုဘေဘီ့နောက်လိုက်ချောင်းပေးရန်မှာရသည် တော်ကြာပြသာနာတွေတက်ကုန်မှဒုက္ခရောက်မှာကဘေဘီသာ

တစ်နေကုန်ဘာမှမဖြစ်ပဲညကြဘားရောက်သွားပြီးမှောက်နေရုံတင်မဟုတ်လာပြီးရှုပ်တဲ့ကောင်တွေနဲ့ပါဘေဘီကမငြင်းပဲပွတ်သီးပွတ်သတ်လုပ်နေကြောင်းသိရတော့ ဘားကိုအရူးတပိုင်းပြေးရပြန်ပြီ

My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ] (Completed)Where stories live. Discover now