PART30 [U]

9.3K 291 16
                                        

အပိုင်း၃၀..

၂နှစ်..၂နှစ်ဆိုသည့်အချိန်တွေကျော်လွန်ပြီးတဲ့နောက်ယခုသူ့ရှေ့မှာထိုင်နေတဲ့ ညီဖြစ်သူကလွန်ခဲ့တဲ့၂နှစ်ကငိုယိုရင်းကိုယ့်ဆီရောက်လာတဲ့ မနူးမနပ်လေးနဲ့ဆန့်ကျင်ဘက်

၂နှစ်အတွင်း သစ္စာရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာပါ‌အတော်ပြောင်းလဲသည်။ရုပ်ပိုင်းဆိုင်ရာကတော့ပြောင်းလဲတာအသေအချာ သို့သော်စိတ်ပိုင်းဆိုင်ရာမှာတော့အရင်ကထက်အများကြီးသန်မာလာသည်ကိုတော့လက်ခံရမည် ဒါပေမဲ့သူ၏နှလုံးသားကတော့အခုထိတစ်ယောက်‌သောသူကိုမမေ့နိုင်သေးပုံ

အများရှေ့မှာသာ ဟန်ဆောင်တတ်လွန်းသူကသူ၏နှလုံးသားအတွင်းပိုင်းကိုတော့မည်သူကိုမှထုတ်မပြပါလေ။လူတစ်ယောက်ကြောင့်ရခဲ့တဲ့ နှလုံးသားဒဏ်ရာကနောက်ထပ်ဘယ်လူသားကိုမချစ်ရဲတော့လောက်အောင်ကို ကြီးစိုးလှသည်။

သစ္စာ၏နှလုံးသားတံခါးကိုလာခေါက်သူတွေဘယ်လောက်များများ အသဲမာသူကတော့သူ၏နှလုံးသားကိုသော့အထပ်ထပ်ခပ်ထားလေရဲ့

လက်ထဲကိုရောက်နေတဲ့ မင်္ဂလာဖိတ်စာလေး

မောင်စိုးခန့်နှောင်
×
မောင်ရှိုင်းကုဋေ

သူငယ်ချင်းဖြစ်သူရဲ့မင်္ဂလာဖိတ်စာပင် သူငယ်ချင်း၃ယောက်အနက်အမြဲသွေးအေးသူကြီးတောင် အချစ်ကြောင့်ကျရှုံးရပါသတဲ့..

အမှန်တိုင်းပြောရရင်သူမြန်မာနိုင်ငံကိုမပြန်ချင်ဘူး။ဒီ၂နှစ်အတွင်းလဲခြေတစ်လှမ်းတောင်မလှမ်းခဲ့သည့်အရပ်

"သစ္စာညီလေး မြန်မာပြည်ပြန်မှာလား ဖြစ်ပါ့မလား"

သစ္စာခေါင်းငြိမ့်ရင်း နှုတ်ခမ်းများတွန့်ရုံပြုံးလိုက်သည်။

"ကျွန်တော်သွားမှာပါ မပူပါနဲ့ဒီလိုကိစ္စမျိုးကတစ်နေ့မဟုတ်တစ်နေ့မှာတော့ကြုံလာရမယ်ဆိုတာကျွန်တော်သိပါတယ် ကျွ‌န်တော်ပြင်ဆင်ထားတာမလို့ကိုကိုကြီးစိတ်မပူပါနဲ့"

ကိုကိုကြီးကသစ္စာရဲ့အခြေအနေကိုခန့်မှန်းမိပေမဲ့ သူမတားပဲသစ္စာသဘောအလျောက်သာလက်ခံပေးခဲ့သည်။

My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ] (Completed)Where stories live. Discover now