PART32 [U]

11.3K 296 47
                                        

အပိုင်း၃၂...

နှစ်ယောက်သားဖက်ရင်းအလွမ်းသယ်လို့ဝခါမှ ခွန်းကသစ္စာရဲ့နဖူးလေးကိုငုံ့နမ်းကာ

"ဒီမှာလေစိမ်းတွေတိုက်နေတယ် လာမောင်နဲ့လိုက်ခဲ့"

သစ္စာပြန်ဖြေချိန်ကိုမရပါ လက်ဖဝါးနွေးနွေးကြီးကသူ့လက်ကိုအုပ်ကိုင်ကာသူ့ကားရှိရာသို့.. အရင်ကလိုတစ်ဇွတ်ထိုးလုပ်တတ်တဲ့အကျင့်လေးဟာအနည်းငယ်ကျန်နေသေးသည်။

ကားမောင်းနေစဉ်လဲ ကားစတီယာတိုင်ကိုလက်တစ်ဖက်တည်းနဲ့သာထိန်းချုပ်နေတာဖြစ်ပြီး နောက်တစ်ဖက်ကသစ္စာရဲ့လက်ကိုနည်းနည်းလေးမှမလွှတ်ပါ တစ်ချက်တစ်‌ချက်သစ္စာရဲ့လက်ကိုသူ့မျက်နှာနားထိဆွဲကာလက်ခုံကိုနမ်းနေသေးသည်။

သစ္စာအခုထိဘေးကလူသူ့ကိုဘယ်ကိုခေါ်သွားနေမှန်းမသိတာကြောင့်

"ငါတို့အခုဘယ်သွားနေတာလဲ"

"အိမ်..ကိုယ်တို့အိမ်"

သစ္စာတွေဝေသွားသည်ဘာလို့ဆို အရင်ကသူတို့နေတဲ့အိမ်ကဒီလမ်းကနေမှသွားလို့်မရဘဲ

"ဒီလမ်းမှန်ရဲ့လား"

"အင်းမောင့်ကိုယုံ"

သစ္စာကသူ့ကိုသိပ်မယုံတဲ့မျက်လုံးတွေနဲ့လှမ်းကကြည့်တော့သူကပြန်ပြုံးပြတာလွဲ၍ဘာမှမတုံ့ပြန်ပါ

မကြာပါသစ္စာမရင်းနီးတဲ့ ခြံဝန်းတစ်ခုရှေ့ကားကအရှိန်လျော့သွားကာ ခွန်းကဟွန်းတစ်ချက်တီးလိုက်တော့အထဲမှအမျိုးသားတစ်ဦးကခြံတံခါးကိုဖွင့်ပေးလာသည်။ခွန်းရဲ့ကားကခြံထဲတလှိမ့်လှိမ့်ဝင်သွား၍တိုက်အိမ်၏အရှေ့အပေါက်ဝနားရောက်သည့်အခါဘီးလုံးများဟာရပ်သွား၏

ခွန်းကကားထဲကထွက်ဖို့လုပ်တော့ သစ္စာကပါသူ့ဘက်ကကားတံခါးကိုဖွင့်ဖို့လုပ်သည့်အခါခွန်းကသစ္စာရဲ့လက်ကိုဆွဲတား၍သူဖွင့်ပေးမယ်လို့ပြောသည်။ခွန်းကတက်တက်ကြွကြွပဲကားထဲကထွက်ပြီးသစ္စာရဲ့ကားတံခါးကိုသူကိုယ်တိုင်ဖွင့်ပေးပြန်ရုံနဲ့မပြီးသစ္စာကားထဲကထွက်ဖို့လက်ပါလှမ်းပေးသည်။

သစ္စာဟာလဲခပ်ကြောင်ကြောင်အပြုအမူတွေကြောင့် ဘာလို့ဒီလိုတွေလုပ်ပေးနေတာလဲလို့မေးတော့ လုပ်ပေးချင်လို့ပေါ့ တဲ့လေ။သစ္စာရီမိပါသည် သူအခု princess treatmentတွေရနေတာလား?

My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ] (Completed)Where stories live. Discover now