PART6 [U]

10.1K 481 22
                                        

အပိုင်း၆

သာယာလှတဲ့ညနေခင်းလေးတစ်ခုမှာတော့ တစ်စုံတစ်ယောက်ကတော့ရေချိုးပြီးဝတ်ရန် အင်္ကျီရှာရင်းအလုပ်ရှုပ်နေသည်။

"ဒါကြီးကကြ အရောင်ထင်းလွန်းတယ်"

"ဒါကလဲတိုလွန်းတယ်"

"ဒါလိုကြရင်လဲလူကြီးကြီးနဲ့တူတယ်"

"ဟာကွာ ကျစ်!!! စွမ်း‌ ဆီသွားပါမယ်ဆိုကွာ"

"ဒါလေးကမဆိုးဘူးပဲ ဒါလေးဝတ်သွားမယ်"

ဟုတ်ပါတယ် ဒါကတော့ ချစ်ရသူ ဆီကိုသွားဖို့အတွက် အင်္ကျီရွေးရင်းအလုပ်ရှုပ်နေတဲ့ သစ္စာပင်

သစ္စာသည် ရေမိုးချိုးပြင်ဆင်ပြီးသည်နှင့် အခန်းထဲကထွက်လာကာ ကားသော့ကိုလက်ညိုးနှင့်လှည့်နေရင်း လေလေးချွန်ကာ အောက်ထပ်သို့အေးဆေးပင်ဆင်းလာတော့သည်။

"သစ္စာမှိုင်းလွန်!!!"

နာမည်အပြည့်အစုံဖြစ် အဖေဖြစ်သူ ဦးမှိုင်းရာဇာ၏ခေါ်သံကြောင့် သစ္စာနဲနဲခေါင်းရှုပ်သွားရ၏။သစ္စာသည် သူ့မာမီဖြစ်သူကိုသာနိုင်မည် အဖေဖြစ်သူကိုတော့ကြောက်ရသည်။

"ဒါဘယ်လဲ"

"အပြင်သွားမလို့ပါ"

"ဘယ်ကိုသွားမှာလဲ"

"ဒီနားပါ"

"သစ္စာမှိုင်းလွန် သစ္စာမှိုင်းလွန် မင်း

အသက်အရွယ်ကိုကြည့်ဦး အခုထိဘာ

အလုပ်အကိုင်မယ်မယ်ရရမရှိဘူး ခွန်းမဟာ‌တို့

များကံကောင်းလိုက်တာ သားဖြစ်တဲ့ခွန်းသမိုး

ညိုကလဲတော်လဲတော်ထက်လဲထက်မြတ်နဲ့

ဘယ်လောက်တောင်ဂုဏ်ယူစရာကောင်းလဲ

ဟမ်!! မင်းကိုမင်းပြန်ကြည့်စမ်း ခွန်းသကိုနဲနဲ

လေးမှမမီဘူး"

"ဒယ်ဒီရာ အဲ့ကောင်နဲ့မှနှိုင်းပြောရတယ်လို့ဗျာ"

"ဘာရယ်ဟေ့ကောင် မင်းကအခုငါ့ကိုပြန်ပြော

နေတာလား မရဘူးမရဘူး မင်းကိုမြန်မြန်

အိမ်ထောင်ချပေးရမယ်"

သစ္စာသည် အိမ်မှမြန်မြန်ထွက်လာခဲ့လိုက်သည် နို့မိုဆို သူ‌က‌ပြန်ပြောတယ်ဖြစ်နေဦးမည်မလား။ထို‌အကြောင်းတွေကို ခနမေ့လိုက်ကာ ချစ်ရသူဆီသို့သာသွားလိုက်သည်။

My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ] (Completed)Where stories live. Discover now