အပိုင်း၂၆..အချပ်၂
သူတို့တကယ်ကွာရှင်းခဲ့ကြပါတယ်
နှစ်ဖက်မိဘတွေအတွက်မျက်နှာပျက်စရာတွေအများကြီးဖြစ်သွားခဲ့တာမို့ နှစ်ဖက်မိဘလုံးကသူတို့သားများကိုအတော်စိတ်ပျက်နေကြမည်ကအသိအသာ။
နှစ်ယောက်လုံးကဘဝကိုပုံမှန်အတိုင်းလည်ပတ်ဖို့ကြိုးစားနေပေမဲ့..သစ္စာဆိုလဲအကိုဆီမှာငိုလိုက်ရီလိုက် ခွန်းဆိုသည်မှာလဲအရက်သမားလုံးလုံးကိုဖြစ်လို့..
"ခွန်း အကိုပြောမယ် သေချာစဉ်းစားပါ
တကယ်လို့သစ္စာကိုသာမင်းမချစ်ရင်မင်းဒီလိုဖြစ်နေစရာမှမလိုပဲ အကို့ကိုလိုက်နေမှာပေါ့မဟုတ်ဘူးလား အကိုကတော့မင်းတို့နှစ်ယောက်အချစ်စမ်းနေကြတယ်လို့ပဲမြင်တယ်..ခွန်းမင်းချစ်မိနေတာကိုမညာပါနဲ့တော့"စွမ်းကခွန်းကိုဖြောင်းဖျပေးနေပေမဲ့ ခွန်းကဘာမှတုံ့ပြန်လေ့မရှိပါ။
သူ့ရဲ့အသံ
သူ့ရဲ့မျက်နှာ..
သူ့ရဲ့အငွေ့အသက်တွေနဲ့မထိတွေ့ရတာ ၆ပတ်တိတိ၂လပေါ့..အဲ့ကတည်းကခွန်းကအိမ်ကိုပြန်လာချင်တဲ့အချိန်မှပြန်လာတယ် ပြန်လာရင်လဲအရက်နံ့တွေမွှန်လို့နေချင်သလိုနေစားချင်သလိုစားနေတာမို့ အရင်လိုသားသားနားနားတောင်မရှိတော့ပါ..
ခွန်းbarတစ်ခုမှာရောက်နေပြီး ရှယ်ပလန်နဲ့ကိုမူးနေတာဒီလောက်မူးနေတာကိုပင်သောက်တာမရပ်သေး
သူမူးတာကိုလိုက်ထိန်းပေးနေရတာတစ်ခြားသူမဟုတ်တဲ့ ဒီပါပင်ဒီတစ်ခေါက်တော့ကောင်းလဲပါသည်။
"ခွန်းသမိုးညို မင်းကွာဒီလောက်ကြီးသောက်ရတယ်လို့လာ"
ဒီပါကကူတွဲဖို့လက်မောင်းကကိုင်တော့ရုန်းပါတော့သည်။
"ဖယ်စမ်းကွာ..!"
ကောင်းကအရင်ကတည်းကစိတ်မရှည်ရတဲ့အထဲသူ့ရည်းစားကိုပါရှုပ်နေတော့ စိတ်ကမကြည်တော့ပါ။
"ဒီမာ ဟျောင့်ထဆိုထလိုက် မင်းဒီလိုအရက်သမားလုံးလုံးဖြစ်နေတာသစ္စာကြောင့်လား???"
သစ္စာဆိုတဲ့နာမည်လဲကြားရော ရုတ်တရက်ကြီးငြိမ်ကျသွားတော့သည်

YOU ARE READING
My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ] (Completed)
Teen Fictionခွန်းသမိုးညို × သစ္စာမှိုင်းလွန် အရေးအသားမကောင်းခြင်း၊[+]အခန်းများမြောက်များစွာပါဝင်ပြီး ကိုယ့်အတွက်ဘာအကျိုးမှရမည်မဟုတ်တဲ့စာဖြစ်သည်နှင့်အညီ မကြိုက်လျှင်အတင်းမဖတ်စေလိုပါ။ #ကမာကောင်