PART13 [U]

11.8K 512 47
                                        

အပိုင်း၁၃....

စားသောက်ဆိုင်တစ်ခုတွင်

"သစ္စာမှိုင်းလွန်နဲ့ မင်းဝေးဝေးနေ"

"အဟက် ဆုတောင်းလေ"

"သူကငါယူထားတဲ့လူ"

"မိဘတွေအတင်းပေးစားလို့ ယူထားတဲ့ကောင်ကများ"

"ဘာကွ!"

"မဟုတ်လို့လားဟမ် စွမ်းပြောပြလို့ငါသိပြီးသား"

"ဘာရယ် မင်းမင်းသစ္စာမှိုင်းလွန်ကိုထိဖို့မကြိုးစားနဲ့"

"ဒါကငါဆုံးဖြတ်ရမဲ့ကိစ္စပါ အနည်းဆုံးတော့ငါအကိုသစ္စာကို စိတ်မဆင်းရဲအောင်ထားနိုင်တယ်"

"ငါကအခုသူ့ကိုဘယ်လိုများထားနေလို့လဲကွ"

"မင်းအခု အကို့ကိုဂရုစိုက်လားဟမ် သူ့အတွက်ဘာတွေများလုပ်ပေးပြီးပီလဲ"

"ငါ ငါ.."

"အဲ့တာပဲ ခွန်းသမိုးညို ဘာမှပြောစရာရှိရင်ငါလစ်ပြီ မင်းနဲ့စကားအေးဆေးပြောဖို့ ငါ့မှာစောက်ချိန်တွေရှိမနေဘူး"

ရှိုင်းကုဋေရဲ့စကားတွေကြောင့် ခွန်းမှာချေပစကားမဲ့ကာ စားပွဲမှာထိုင်လျက်ကျန်နေခဲ့သည်။

"ဟာကွာ !!

*ဘုန်းဘုန်း!!

ခွန်းသူ၏ရှေ့မှာရှိတဲ့စားပွဲကိုလက်သီးအသုံးပြုကာအားပါပါဖြင့် နှစ်ချက်လောက်ဆင့်ထိုးလိုက်သည်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

"Oh,who is she?...oh,who is she? a misty memory~~"

သစ္စာအခန်းထဲတွင် ရေမိုးချိုးအပြီး ခန့်တို့နဲ့သွားတွေ့ဖို့အပြင်ထွက်ရန်ပြင်ဆင်ပြီး perfume စွပ်နေစဉ်အသံမြည်လာသောဖုန်းကြောင့် လှမ်းကြည့်လိုက်ရာ contact တွင်ပေါ်နေသောနာမည်ကြောင့် မျက်ခုံးပင့်သွားရသည်။

Contact လေးမှာ "ခွန်းသမိုးညို ‌ခွေးမသား" ဟူ၍

ဖုန်းအားကိုင်လိုက်ကာ

"ဘာလဲဟျောင့်"

"အကိုသစ္စာမှိုင်းလွန်လားဗျ ကျွန်တော် ဇေးပါ"

"ဇေး? အော်ခွန်းသမိုးညိုရဲ့အတွင်းရေးမှူးကိုး ဘာကိစ္စရှိလို့လဲ"

My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ] (Completed)Where stories live. Discover now