ဟိုင်း ပျောက်ချက်ကောင်းတော့ မေ့သွားကြပြီလား ကမာကောင်ကြီးပါငင့် လတွေအများကြီးပြီးတဲ့နောက်တော့ သစ္စာတို့နဲ့ခွဲရပါပြီ╰(⸝⸝⸝´꒳'⸝⸝⸝)╯
ပထမဦးဆုံးအကြိမ်ရေးဖူးတာဆိုတော့ အခက်ခဲတွေလဲရှိခဲ့သလို အနာအဆာတွေအများကြီးပါတဲ့ fictionလေးပါ။ပထမဆုံးရေးတဲ့ဟာကို ပေါ့ပေါ့တန်တန်နဲ့သေချာမလေ့လာပဲရေးခဲ့မိလို့လဲ ကိုယ့်ကိုကိုယ်တုတ်အကြီးကြီးနဲ့ရိုက်ချင်ပါတယ် :<
ဒီကြားထဲဘာလို့upမပေးလဲဆိုတာ ဆင်ခြေလေးတွေပေးပါ့ရစေ ᕦ༼ ~ •́ ₒ •̀ ~ ༽ᕤ အစောပိုင်းကတော့ assignmentsတွေ semestersတွေကြောင့် စာရေးတဲ့ဘက်ကိုမလှည့်အားတာပါ ဒါနဲ့ပဲဒါတွေပြီးရင်တော့ပြန်ရေးမယ်ပေါ့ အဲ့တာတွေလဲပြီးရောလူက mentally depressedသွားပါတယ် သေတာပါပဲ အဲ့မှာလဲအချိန်တွေတော်တော်ကုန်သွားပါတယ် ဒါနဲ့မပြီးပါဘူး ကိုယ့်ဘာသာတောင်ဒေါင်ချာစိုင်းနေတာကို လူတစ်ယောက်ကိုသဘောကျမိသွားပြန်ပါသေးတယ် အချစ်ဆိုတာအပူပဲဆိုတဲ့အတိုင်း တစ်ငိုငိုတစ်ရီရီနဲ့ဖြစ်တော့တာပါပဲ တစ်ဖက်သတ်ဖြစ်နေတော့ပိုဆိုးတာပဲ ဒါနဲ့ပဲတရားသဘောနဲ့ဖြေပြီး စွန့်လွှတ်ရတာပေါ့ မုအွန်တော့လဲအချိန်ပေးရပြန်ပါသေးတယ် နောက်တော့လဲစိတ်ဖြတ်နိုင်ခဲ့ပါတယ်(လိင်တာ အခုထိ၁၀၀%မဖြတ်နိုင်သေးဘူးငင့်)
ဒီလိုနဲ့ပြန်ရေးမဲ့အချိန်မှာပဲ မြန်မာနိုင်ငံကိုသဘာဝဘေးကဆိုက်ပြန်ပါတယ် ကိုယ်ကဘေးကင်းခဲ့ပါတယ်ဒါပေမဲ့ မြန်မာနိုင်ငံက တော့ဆုံးရှုံးမှုတွေအများအပြားပါပဲ တစ်နေ့တစ်နေ့ကြားရတဲ့သတင်းတွေကြောင့်ဘယ်လိုမှစာရေးဖို့မဖြစ်နိုင်ခဲ့ပြန်ပါဘူး ဒါနဲ့ပဲတတ်နိုင်တဲ့ဘက်ကနေကူညီခဲ့သလို ဘုရားဖူးတိုင်းလဲ ၇ရက်သားသမီးတိုင်းကိုမေတ္တာပို့အမျှဝေပေးတာတွေကူညီနိုင်သလောက်ကူညီခဲ့ပါတယ် အဆိုးပြီးရင်အကောင်းတွေလာဖို့ပဲကျန်ပါတော့တယ် အားတင်းထားကြမယ်💪🏻🤎🤍
ဟုတ်ကဲ့ပါဒါဆို သစ္စာတို့အကြောင်းလေးပြန်ပြောပါ့မယ် extraတွေရှ်ိနိုင်လားဆိုတော့ ရှိမှာပါဘယ်နှပိုင်းလောက်လဲဆိုရင် စိတ်ပါသလောက်ရေးမှာပါ(・∀・) ဒါပေမဲ့extraကစောင့်ပေးပါဦး ကမာမနှစ်ကတည်းကdraftထဲရှိနေတဲ့ ဇာတ်လမ်းလေးကိုအရင်ရေးဖို့ဆုံးဖြတ်ထားလို့ပါ ဒီတစ်ခါတော့တစ်ပုဒ်လုံးရေးပြီးမှတင်ဖို့စဉ်းစားထားပါတယ် အသစ်လေးကြလဲ သစ္စာတို့ကိုချစ်ပေးသလိုချစ်ပေးကြမယ်ဟုတ်..?⊂(´・◡・⊂ )∘˚˳°

YOU ARE READING
My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ] (Completed)
Teen Fictionခွန်းသမိုးညို × သစ္စာမှိုင်းလွန် အရေးအသားမကောင်းခြင်း၊[+]အခန်းများမြောက်များစွာပါဝင်ပြီး ကိုယ့်အတွက်ဘာအကျိုးမှရမည်မဟုတ်တဲ့စာဖြစ်သည်နှင့်အညီ မကြိုက်လျှင်အတင်းမဖတ်စေလိုပါ။ #ကမာကောင်