အင်မော်တယ်ဖေဖေ စာစဉ်(၃၁) အပိုင်း(၆)
အခန်း(၃၇၄-က)တာဝန်(၁)
ကျန်းဟန် လှည့်ကြည့်လိုက်ရာ ထိုဘက်မှ လူငါးယောက် လာနေသည်ကို တွေ့လိုက်ရသည်။
ခေါင်းဆောင်မှ အရပ် ၁.၉ မီတာနီးပါးရှည်သည့် သန်သန်မာမာအမျိုးသားဖြစ်သည်။ သူ၏နောက်တွင် ကာကွယ်သူတုနှင့် သူ၏ငယ်သားသုံးယောက်ရှိသည်။
သန်သန်မာမာလူအား မြင်လိုက်ရသည့်အခါ ကာကွယ်သူလန်က ခဏလောက်တန့်သွားပြီး ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်သည်။ သူ၏မျက်လုံးထဲတွင် အကူအညီမဲ့မှုများရှိနေသည်။
"အဘိုးကြီးဟုန်"
သို့သော် အဘိုးကြီးဟုန်က ကျန်းဟန်အား ဆက်၍စိုက်ကြည့်နေပြီး ကာကွယ်သူလန်ကို တချက်မျှ ဂရုမစိုက်ချေ။ လူသစ်များအား ဖိနှိပ်ရန်အတွက် အကြီးအကဲဟုန်သည် သူတို့ပတ်ပတ်လည်တွင် သူ၏ချီနယ်ပယ်ကို ဖြန့်ထုတ်လိုက်သည်။
ကျန်းဟန်၏မျက်ခုံးများက တွန့်ချိုးသွားပြီး နောက်သို့ခြေတစ်လှမ်းဆုတ်ကာ မုန့်မုန့်အား သူ၏လက်ဖြင့် ကာပေးလိုက်သည်။ မုန့်မုန့်အား ချီနယ်ပယ်အတွင်း ထိခိုက်မှုမဖြစ်စေရန် သူ၏စိတ်ဝိဉာဉ်စွမ်းအင်များကို စုစည်းလွှဲပြောင်းကာ အကာအရံတစ်ခု တည်ဆောက်လိုက်သည်။
ကျန်းဟန်သည် ထိုလူစိမ်း၏အပြုအမူအကြောင့် ဒေါသထွက်သွားသည်။
ထိုလူစိမ်း၏ချီနယ်ပယ်အား တွန်းလှန်ရင်း လူစိမ်းမှာ ကာကွယ်သူလန်ထက် များစွာပို၍အစွမ်းထက်သည့် ဝူတာအိုဂရန်းမာစတာအဆင့်တွင် ရှိနေကြောင်း သိလိုက်သည်။
"ကောင်လေး ငါမေးနေတာ မကြားဘူးလား" အဘိုးကြီးဟုန်၏မျက်လုံးများက စိန်းစိန်းဝါးဝါးကြည့်နေသည်။
အဘိုးကြီးဟုန်၏နောက်ရှိ ကာကွယ်သူတုနှင့် အခြားသူများသည် ကျန်းဟန်အား အပေါ်အောက်စုံဆန်ကြည့်နေကြသည်။ သူတို့သည် သူ၏ခွန်အားကို ခန့်မှန်းရင်း သူ့အား မသက်မသာ လှောင်ပြုံးနေသည်။
ဘေးမှရပ်ကြည့်နေသည့်တစ်ဦးက မုန့်မုန့်၏အခြေအနေကို သတိပြုမိသွားပြီးနောက် အဘိုးကြီးဟုန်အား နားချလိုသွားသည်။ သို့သော် နောက်ဆုံးတွင် သူသည် အဘိုးကြီးဟုန်၏အဆင့်အတန်းကြောင့် လက်လျှော့လိုက်ပြီး အကူအညီမဲ့စွာ ခေါင်းယမ်းလိုက်သည်။
YOU ARE READING
အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိ
Romanceအင်မော်တယ်ဖေဖေ(ကျန်းဟန်) စာစဉ်ကို စာစဉ်(၃၁) မှ (၄၀) အထိ ဒီမှာ တင်ပေးသွားပါမယ်။ Reading List မှာ ထည့်ထားကြပါနော်...