[စာစဉ်(၃၈) အပိုင်း(၁၃)] အခန်း(၄၃၄-ဂ) သူလာပြီ(၃)
ဇီချန်းသည် ဆေးလုံး၏တန်ဖိုးကို မသိသော်လည်း သူ့ဘေးနားရှိ ဆရာကြီးများအားလုံးက သူ၏လက်ထဲမှ ပုလင်းကို မနာလိုအားကျစွာ ကြည့်နေကြသည်အား တွေ့လိုက်ရသည်။
အကြောင်းအရင်းမှာ ကျန်းဟန် ဆေးလုံးကို ထုတ်ယူလိုက်သည့်အချိန်က စုလုံ ရှော့ခ်ရသွားပြီး သူ၏ပတ်ဝန်းကျင်ရှိလူများကို အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ကောင်းကင်အဆင့် ဆေးလုံး"
လူတိုင်း၏မျက်လုံးများမှာ အနည်းငယ် ပြောင်းလဲသွားပြီး မနေနိုင်ဘဲ ရေရွတ်လိုက်ကြသည်။
"မာစတာကျန်းက ဘယ်လောက်ရက်ရောလိုက်လဲ"
"နေပါဦး"
"ဆေးလုံးကို သူကိုယ်တိုင်လုပ်ထားတာလား"
"သူက မှော်ဆေးပညာကိုတတ်တာလား"
သူတို့၏စိတ်အခြေအနေအရ သူတို့ ကျန်းဟန်ကို ကြည့်သည့် ပုံစံမှာ ပြောင်းလဲသွားပြန်သည်။
ဇီချန်းသည် သူတို့၏အမူအရာကိုမြင်သည့်အခါ ဆေးလုံးက တန်ဖိုးကြီးကြောင်း သိလိုက်၏။
ထုံတမ်းအစဉ်အလာအရ ကျန်းဟန်က ဂါရဝပြုပြီး ဇီယန်၏မိဘများက လက်ဆောင်ကို လက်ခံပြီးနောက်တွင် ယခု ကျန်းဟန်အား သူတို့၏သားမက်အဖြစ် တရားဝင်အသိအမှတ်ပြုပြီးဖြစ်လေသည်။
ထိုအချိန်တွင် ဇီယန်က သူမ၏ပါးစပ်ကို ဖွင့်ဟလိုက်သည်။ သူမ၏အသံမှာ အလွန်ချိုသာပြီး နူးညံ့သည်။
"အဖေ အမေ"
"အင်း"
သူမ၏မိဘများက တုံ့ပြန်ပြီး မျက်ရည်များ ဝဲလာသလိုပင်။
"ရှောင်ယန်က လက်ထပ်တော့မယ်" ရွှီရှင်းယုက သူမ၏ပါးစပ်ကို အုပ်ထားရင်း စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်ဖြစ်သွားသည်။
"ယောင်းမ။ လက်ထပ်တာက ပျော်စရာကိစ္စလေ" ဒုန်လင်းက ပြုံးကာ ပြောသည်။
"ဟုတ်တယ်" ရွှီရှင်းယုက စိတ်ကို အမြန်ပြန်ထိန်းလိုက်သည်။
ထိုမြင်ကွင်းကိုမြင်တော့ ဇီယန်လည်း ငိုတော့မလိုပင်။
သူမအဖေ၏စိတ်နေစိတ်ထား ပြောင်းလဲသွားသလို သူမခံစားမိသည်။ သူသည် စည်းမျဉ်းများကို ဂရုမစိက်တော့ဘဲ သူ့သမီးကိုသာ ပို၍ ဂရုစိုက်သည်။
BẠN ĐANG ĐỌC
အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိ
Lãng mạnအင်မော်တယ်ဖေဖေ(ကျန်းဟန်) စာစဉ်ကို စာစဉ်(၃၁) မှ (၄၀) အထိ ဒီမှာ တင်ပေးသွားပါမယ်။ Reading List မှာ ထည့်ထားကြပါနော်...