စာစဉ်(၃၈) အပိုင်း(၈)

143 9 0
                                    

[စာစဉ်(၃၈) အပိုင်း(၈)] အခန်း(၄၃၂-ခ) တစ်ယောက်ပြီးတစ်ယောက်ရောက်ရှိလာခြင်း(၂)

"မင်းရဲ့သမီးက ပါရမီရှင်တစ်ယောက်နဲ့ လက်ထပ်ခဲ့တာလေ" လျန်မိသားစုခေါင်းဆောင်က လျှို့ဝှက်ချက်တစ်ခုကို ပြောပြနေသကဲ့သို့ အသံကိုလျှော့ကာ တိုးတိုးလေးပြောသည်။ "မင်းတို့သမီးရဲ့ခင်ပွန်း မစ္စတာကျန်းက ပါရမီရှင်တစ်ယောက်ပဲ။ သူက အံ့ဩဖို့ကောင်းလွန်းတယ်"

"အဲဒါ..." ဇီချန်း ခဏလောက် တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် မေးလိုက်သည်။ "ခင်ဗျား ကျုပ်သမီးအကြောင်း ဘယ်လိုသိတာလဲ"

"သမီး ပြောပြလိုက်တာ" လျန်မုန့်ချီက ပြုံးဖြီးဖြီးနှင့် ပြောသည်။ "သမီးက သူဌေးရဲ့စားသောက်ဆိုင်မှာ စားနေကျလေ။ သူဌေးက အစ်မဇီယန်ရဲ့ခင်ပွန်းပါ။ အစက သမီး သူ့ကို ချစ်မိသွားခဲ့တာ"

"မုန့်ချီ နင်ဘာတွေလျှောက်ပြောနေတာလဲ" လျန်မိသားစုခေါင်းဆောင်မှာ လန့်သွားပြီး သူမအား ခပ်စူးစူးလှမ်းကြည့်လိုက်သည်။

"ဟီးဟီး" လျန်မုန့်ချီက ၎င်းကို မကြောက်ရွံ့ချေ။ သူမ ပြုံးကာ ဆက်ပြောသည်။ "နောက်တော့ သူဌေးက အစ်မဇီယန်ရဲ့အပိုင်မှန်းသိလိုက်ရတာ။ ဦးလေးဇီနဲ့ အန်တီရွှီ သူဌေး အဲမှားလို့ အစ်မဇီယန်ရဲ့ယောက်ျားက ဘယ်လောက်ချောပြီး အစွမ်းထက်လဲဆိုတာ ဦးလေးတို့ စိတ်ကူးကြည့်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ သူက အချက်အပြုတ်မှာတောင် အရမ်းတော်တာ..."

ရွှင်မြူးတက်ကြွနေသည့် လျန်မုန့်ချီက ပို၍ပို၍ ပျော်ရွှင်စွာ ပြောဆိုလာရင်း သူမ၏အသံက တဖြည်းဖြည်း ပို၍ကျယ်လာသည်။

သူတို့အား အာရုံစိုက်နေသည့် ဖန်းဟွမ်သည် "ဇီယန်၏ယောက်ျား" ဆိုသည်ကို ဝိုးတဝါးကြားလိုက်ရသည်။

၎င်းက ယခုလေးတင် လျန်မိသားစုက သူမအား အရေးမစိုက်ခဲ့ခြင်းကို သတိရသွားစေပြီး ပိုမိုရှက်ရွံ့ ဒေါသထွက်လာစေသည်။

မိသားစုခေါင်းဆောင်က ဒီမှာ ထိုင်နေတုန်းရှိသေးတယ်။ ငါလည်း ဒီမှာ ထိုင်နေတာ။ နင်တို့လျန်တွေက အဆင့်အတန်းနိမ့်တဲ့မိသားစုဝင်နဲ့ စကားပြောနေတာ ဘာကိုဆိုလိုတာလဲ...

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now