စာစဉ်(၃၂) အပိုင်း(၈)

170 12 0
                                    

အင်မော်တယ်ဖေဖေ စာစဉ်(၃၂) အပိုင်း(၈)

အခန်း(၃၈၃-ခ)တိုးပွားလာသည့်စားသောက်ဆိုင်မန်ဘာများ(၂)

"မိန်ချီ နင်ဘယ်အချိန် အိပ်ရာထတာလဲ" ထိုအချိန်တွင် ယူချင်းချင်းက ပြုံးကာ မေးသည်။

"ကိုးနာရီ။ မနေ့ညက အိပ်ရာဝင်တာ နောက်ကျသွားလို့" လျန်မုန့်ချီက ပေါ့ပေါ့ပါးပါး ပြန်ဖြေ၏။

"ဟားဟားဟား... ကိုးနာရီမှ အိပ်ရာထတယ်။ အဲ့ဒီအချိန်မှတော့ ဘယ်လိုလုပ် ပေါက်စီစားလို့ရတော့မှာလဲ" ကျောက်ဒါဟူက နှုတ်ခမ်းကိုတွန့်ကွေးကာပြောသည်။

"ဟုတ်တယ်။ နေ့လည်စာကျ များများစားလို့ရတာပေါ့" လျန်မုန့်ချီက တိတ်တဆိတ်တံတွေးမျိုချလိုက်သည်။

"အဲဒီတုန်းက... ဟူး..." ကျောက်ဒါဟူက သက်ပြင်းချလိုက်ပြီး "သူဌေးကတော်ရှိတုန်းကဆို အမြဲတမ်း စားတော်ပွဲကြီးလိုပဲ။ အခုတော့ မုန့်မုန့်ကလွဲရင် ငါတို့ အရင်ထက် ဟင်းပွဲတွေနည်းသွားတယ်"

"သူဌေးကတော်က ဘယ်တော့ပြန်လာမလဲမသိဘူး။ အရင်တစ်ခါစားခဲ့တဲ့ ဟော့ပေါ့ကို ငါ စားချင်နေတုန်းပဲ" ယူချင်းချင်းက သက်ပြင်းချကာပြောသည်။

"သူဌေးကတော်က ခရီးထွက်နေတာလား" လျန်ဟောင်က ပြောသည်။ "မနက်က ဆိုင်ရှင်နဲ့ကလေးမလေးတစ်ယောက်ကို တွေ့ခဲ့တယ်။ သူဌေးက အရမ်းချောတယ်နော်။ ကလေးလေးကလည်း တော်တော်လှပြီး ချစ်ဖို့ကောင်းတယ်"

"သူဌေးကတော်ကလည်း အရမ်းကိုလှတာ။ ဒါပေမယ့် အပြင်သွားတိုင်း နေကာမျက်မှန်တပ်ထားတယ်။ အဲဒါကြောင့် သူ့မျက်နှာကို ငါတို့ မမြင်ဖူးဘူး" ကျောက်ဒါဟူက ပြောသည်။

"သူတို့ရဲ့ကလေးက သူတို့ရဲ့မျိုးရိုးဗီဇကောင်းတွေကြောင့် အရမ်းကြည့်ကောင်းနေတာသေချာပေါက်ပဲ" မုန့်မုန့်၏ချစ်စရာကောင်းသည့်အသွင်ပြင်ကိုသတိရသွားပြီး ယူချင်းချင်းက မနာလိုအားကျစွာပြောသည်။

"သူဌေးကတော်ကို အရင်ကတွေ့ဖူးသလိုမျိုး ရင်းရင်းနီးနီးသိနေသလိုပဲ။ ဒါပေမယ့် သူမမျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်တော့ ဘယ်သူလဲဆိုတာ မသိဘူး" လျန်မုန့်ချီက အချိန်အတန်ကြာစဉ်းစားကာ ပြောသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now