စာစဉ်(၃၁) အပိုင်း(၈)

170 11 0
                                    

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) အပိုင်း(၈)

အခန်း(၃၇၅)ရတနာမြေပုံ

ဒုန်ဖေးနှင့် သူ့လူများ၏အကြည့်အောက်တွင်...

လူ ၃၀ ကျော်ပါသည့် အဖွဲ့သည် တောင်စောင်းမှ အောက်ဘက်ရှိ စခန်းသို့ ခုန်ဆင်းကာ စခန်း၏အလယ်ဗဟိုရှိ ဒုတိယထပ်သို့ ဦးတည်သွားခဲ့သည်။

စခန်းပတ်ပတ်လည်ခြံစည်းရိုးက သူတို့အတွက် အခက်အခဲမရှိချေ။ လူတိုင်းနီးပါး ပေါ့ပေါ့ပါးပါး ခုန်ကျော်သွားကြသည်။

သို့သော် အမှောင်ဝံပုလွေဂိုဏ်းသားများက အလွန်လျင်မြန်စွာတုံ့ပြန်ခဲ့ပြီး လူ ၅၀ ကျော်သည် စခန်းတစ်ဝိုက်ရှိ အိမ်များဆီမှ ထွက်လာကြသည်။

ရှုပ်ထွေးသည့်တိုက်ပွဲတစ်ခု စတင်ခဲ့၏။

နှစ်ဖက်တပ်ဖွဲ့ နီးကပ်လာသည်နှင့်အမျှ အရူးအမူး တိုက်ခိုက်ကြတော့သည်။ လူ ၃၀ ကျော်ရှိသောအဖွဲ့မှာ သူတို့၏တိုက်ပွဲကွင်းပြင်က အဆက်မပြတ် ကျဉ်းမြောင်းလာခဲ့သည်။

သူတို့၏ရန်သူအားလုံးက သိုင်းပညာရှင်များဖြစ်ကြ၏။ သူတို့၏အားနည်းချက်ကို သဘောပေါက်သွားပြီး ထိပ်တိုက်ရင်ဆိုင်တိုက်တိုက်မည့်အစား အချိန်မီပြန်ဆုတ်ကာ လှည့်ပ‌တ်ရှောင်ဖယ်ရင်း တိုက်ခိုက်ကြသည်။

ပြင်းထန်သည့်တိုက်ပွဲက မြေပြင်ပေါ်တွင် ဖုန်တစ်လုံးလုံးဖြစ်လာစေသည်။ သုံးမိနစ်အကြာတွင် လူ ၃၀ ကျော်အဖွဲ့သည် လမ်းကြောင်း၏သုံးပုံတစ်ပုံကို ချီတက်ပြီးပြီဖြစ်သည်။

မကြာမီ သူတို့ နှစ်ထပ်အဆောက်အဦးသို့ ရောက်သွားတော့မည်ပုံရ၏။

သို့သော်...

အဆောက်အဦးထဲမှ လူ ၁၀၀ ကျော် ပြေးထွက်လာသည်။

ခေါင်းဆောင်သည် လျင်မြန်စွာ ရွေ့လျားနေးသည့် လူမည်းတစ်ယောက်ဖြစ်ပြီး သူ၏ရန်သူများဆီသို့ ပြေးဝင်ကာ ခဏချင်း လေးယောက်ကို လှဲသိပ်လိုက်၍ သူ၏နက်နဲအဆင့်မာစတာ၏စွမ်းအားကို ပြသနေသည်။

ဒဏ်ရာရသွားသူများသည် မာစတာအား မတိုက်ခိုက်ဝံကြဘဲ နာကျင်မှုကိုခံယူရင်း လျင်မြန်စွာ ပြန်ဆုတ်သွားကြသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now