အင်မော်တယ်ဖေဖေ စာစဉ်(၃၁) အပိုင်း(၁၀)
အခန်း(၃၇၆-ခ)အားလုံးအဆင်သင့်ဖြစ်ပြီ(၂)
ကုတင်ခေါင်းရင်းတွင် ရပ်နေရင်း ကျန်းဟန်သည် ညာဘက်ဖြင့် အိတ်ထဲမှ ကျောက်စိမ်းတုံးလေးခုကို လက်ချောင်းငါးချောင်းဖြင့် ကောက်ယူလိုက်သည်။ ထိုနောက် စိတ်ဝိဉာဉ်စွမ်းအင်ကိုထုတ်ကာ ပိုင်ချွမ်း၏ခေါင်း ဘယ်ဘက်ခြမ်းရှိ ရှုထောင့်အသီးသီးသို့ ကျောက်စိမ်းတုံးများ ဖြန့်ကျဲလိုက်သည်။
သူသည် ကျောက်စိမ်းတုံးများ ဆက်တိုက်ထုတ်ယူနေခဲ့ပြီး တစ်မိနစ်အတွင်း ကျောက်စိမ်းတုံး ၄၈ တုံး အသုံးပြုခဲ့သည်။
နောက်ဆုံးတစ်ခုသည်တော့ ညာလက်၏ လက်ညှိုးနှင့် လက်ခလယ်ကြားတွင်ကိုင်ထားသည်။
"ဖွဲ့စည်းပုံအသက်သွင်း"
"ဖျောက်"
ကျန်းဟန်သည် ကျောက်စိမ်းတုံး ၄၉ တုံးကို သူ၏လက်ချောင်းများဖြင့် ခွဲလိုက်သည်။
ကျောက်စိမ်းများ၏အားနည်းသည့်စွမ်းအင်များက အတူတကွချိတ်ဆက်သွားပြီး သန်မာသည့်စွမ်းအင်တစ်ခု ဖြစ်ပေါ်လာသည်။
"ခန္ဓာကိုယ်ထဲကထွက်စမ်း"
ကျန်းဟန်၏လက်ဖဝါးများ လှုပ်ရှားလိုက်သည်နှင့် ပိုင်ချွမ်း၏ဦးနှောက်ထဲသို့ စွမ်းအင် သုံးပုံတစ်ပုံ ဖောက်ဝင်သွားသည်။
"အူး..."
ပိုင်ချွမ်း၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွား၏။
သူ၏မျက်လုံးများက အနက်ရောင်မြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး ကြမ်းကြုတ်ရက်စက်သည့်ပုံရသည်။
သို့သော် သုံးစက္ကန့်မပြည့်မီတွင် အနက်ရောင်မြူသည် ပိုင်ချွမ်း၏မျက်လုံးထဲမှ ထွက်လာပြီး သူ၏ခေါင်းထက်၌ ဘောလုံးအရွယ်ရှိ မြူခိုးမည်းကြီးတစ်ခု ဖြစ်လာပြီး ဝါးတားတားမျက်နှာတစ်ခု ပေါ်လာသည်။
ထိုနောက် အနက်ရောင်မြူခိုးများက အောက်သို့ နိမ့်ဆင်းလာပြီး အားနည်းနေပုံရသည့် ပိုင်ချွမ်း၏အရေပြားကို ထိရန်ကြိုးစားသည်။
YOU ARE READING
အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိ
Romanceအင်မော်တယ်ဖေဖေ(ကျန်းဟန်) စာစဉ်ကို စာစဉ်(၃၁) မှ (၄၀) အထိ ဒီမှာ တင်ပေးသွားပါမယ်။ Reading List မှာ ထည့်ထားကြပါနော်...