စာစဉ်(၃၁) အပိုင်း(၁၂)

181 10 0
                                    

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) အပိုင်း(၁၂)

အခန်း(၃၇၈-က)လျန်ဟောင်လာပြီ(၁)

ကျန်းဟန် ကိုယ့်နဖူးကိုယ်ပုတ်လိုက်ရင်း ခေါင်းကိုက်သွားသည်။

ထိုပါဝင်ပစ္စည်းများအားလုံးသည် သူ တောင်းဆိုရန် စီစဉ်ထားသည့်အရာများဖြစ်သည်။

အကောင်းဆုံးအဆင့်ဆေးလုံးကသာ ကျင့်ကြံသူများအား အခြေခံတည်ဆောက်ခြင်းအဆင့်ပြီးနောက် ပြည့်စုံသည့်အခြေခံအုတ်မြစ်ကို အမြန်ရရှိအောင် ကူညီပေးနိုင်သည့်အတွက် အခြေခံတည်ဆောက်ခြင်းဆေးလုံးကို လိုအပ်ပေသည်။ ထိပ်တန်းအဆင့် အခြေခံတည်ဆောက်ခြင်းဆေးလုံးကို သန့်စင်နိုင်လျှင် ပြီးပြည့်စုံသည့် အခြေခံအုတ်မြစ်ကို ရရှိနိုင်ပေမည်။

လူသားများ၏အခြေခံအုတ်မြစ်တည်ဆောက်ခြင်းတွင်လည်း အဆင့်များရှိသည်။ သာမန်အခြေခံအုတ်မြစ်၊ အရည်အချင်းရှိသည့်အချို့သူများအတွက် ပြီးပြည့်စံသည့်အခြေခံအုတ်မြစ်ကဲ့သို့ အကောင်းဆုံးအခြေခံအုတ်မြစ်။

ပြီးပြည့်စုံသည့်အခြေခံအုတ်မြစ်ရှိသည့် ကျင့်ကြံသူသာလျှင် ရွှေအမြူအတေအဆင့်မှ ယွမ်ယင်အဆင့်သို့ ချိုးဖြတ်တက်ရောက်သည့်ချိန် အနန္တတန်ခိုးစွမ်းအားကို ရရှိနိုင်မည်ဖြစ်သည်။

အခြေခံတည်ဆောက်ခြင်းအဆင့်သည် ကျင့်ကြံခြင်းအတွက် အခြေခံဖြစ်ပြီး အရာအားလုံးအတွက် အုတ်မြစ်ချသည့် အလွန်အရေးကြီးသောအဆင့်ဖြစ်သည်။ ကျင့်ကြံသူများအားလုံးက ၎င်းကို အလေးအနက်ထားကြသည်။ သို့သော် လူအများစုမှာ အလွန်အစွမ်းမထက်သောကြောင့် သို့မဟုတ် အဆင့်အတန်းနိမ့်သည့်အတွက် အရင်းမြစ်များများမရှိသည့်အတွက်ကြောင့် သာမန်အခြေခံအုတ်မြစ်ကိုသာ ရရှိနိုင်ကြလေသည်။ ထိုနောက် သူတို့သည် ပြည့်စုံဿည့်အခြေခံအုတ်မြစ်ကိုရရှိရန် အခြားအရင်းမြစ်များစွာကို အသုံးပြုကြမည်ဖြစ်ပြီး ၎င်းက ပုံမှန်နည်းလမ်းထက် ဆယ်ဆမက ပိုမိုခက်ခဲလေသည်။

ကျန်းဟန်သည် အစပိုင်းတွင် ၎င်းကို နားမလည်ခဲ့ဘဲ သာမန်အခြေခံအုတ်မြစ်ကို တန်း၍ရရှိခဲ့ခြင်းအား အတော်လေးကျေနပ်နေခဲ့သည်။ သို့သော် သူတွေးထားသည်ထက် အရင်းမြစ်များပိုမိုအသုံးပြု၍ ပြီးပြည့်စုံသည့်အခြေခံအုတ်မြစ်ကို ရရှိခဲ့ကြောင်း သူ တွေ့ရှိခဲ့သည်။ ထို့ပြင် သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်တွင် နှစ်ပေါင်းများစွာ သောင်တင်နေခဲ့ရသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now