စာစဉ်(၃၇) အပိုင်း(၅)

176 11 0
                                    

[စာစဉ်(၃၇) အပိုင်း(၅)] အခန်း(၄၂၁-ခ)ညီမလေးလာမည်(၂)

ယုံကျားရှင်း၊ ဝမ်ရနှင့် ကျန်းလီတို့မှာ သူမလေး၏ဘေးတွင်ရှိနေပြီး အဓိကအားဖြင့် သူမလေး တာဟေး၊ ရှောင်ဟေးတို့နှင့် ကစားနေသည်ကို စောင့်ကြည့်နေခြင်းဖြစ်သော်လည်း သူတို့ကိုယ်တိုင်လည်း အခြားခွေးများဖြင့် ကစားနေကြသည်။

ဝမ်ရသည် တိတ်ဆိတ်နေခဲ့သော်လည်း အမြဲတမ်း ခပ်တုံးတုံးအရာများကိုလုပ်တတ်သည့် ဟတ်စကီအား နှစ်သက်သည်။

သူမ ၎င်းအား ထိုင်ခိုင်းလိုက်၊ လက်ဆန့်ခိုင်းလိုက်လုပ်နေသည်။ သို့သော် တုံးအသည့်ခွေးလေးမှာ သူ၏နောက်ခြေထောက်ကို ဆန့်ထုတ်နိုင်ရန် အကောင်းဆိုးကြိုးစားနေ၏။

သူတို့ ပျော်ရွှင်စွာ ကစားနေကြပြီး ကျန်းဟန်ကလည်း ဆေးလုံးများကို သန့်စင်နေခဲ့သည်။

၎င်းက အတော်လေးထိရောက်၏။ မနက်ပိုင်းတစ်ပိုင်းလုံးတွင် ဆေးအိုးသုံးအိုး သန့်စင်ခဲ့ပြီး စုစုပေါင်း ဆေးလုံဂ ၅၁ လုံး ရရှိခဲ့သည်။

ထိုဆေးလုံးများသည် ကုသရေးဆေးလုံဂများဖြစ်ပြီး ခွန်အားတိုးစေရန်အတွက် သုံးနိုင်သော်လည်း အကျိုးအာနိသင် သိပ်ပြီး မပြင်းထန်ချေ။

ကျန်းဟန်သည် ဒုတိယအသုတ်ကို မသန့်စင်တော့။ အခြေခံအားဖြင့် ပထမအသုတ် ဆေးလုံးများကို အလယ်အလတ်အဆင့်ပစ္စည်းများအဖြစ် ရည်ရွယ်၍ သန့်စင်ခဲ့သည်။ ထိုသို့ဆိုလျှင် ကုမ္ပဏီရှိ လူ ၁၀၀ နီးပါးကို အထွတ်အထိပ်အဆင့်သို့ တိုးမြှင့်ပေးနိုင်မည်ဖြစ်၏။

ဝံပုလွေခေါင်းတပ်ခွဲ၏ တပ်ဖွဲ့ဝင်တိုင်းကိုလည်း တစ်လုံးစီပေးမည်ဖြစ်သည်။ အကြောင်းအရင်းမှာ ယခုတလောအတွင်း သူတို့ တာဝန်များဖြင့် အလုပ်များနေခဲ့သောကြောင့်ပင်။

အထွတ်အထိပ်အဆင့်စစ်သည်အဖွဲ့နှင့်ဆိုလျှင် နည်းပြလျိုတစ်ယောက် လကိုပင် ကျော်တက်သွားမလား သူမသိချေ။(ဘဝင်မြင့်သွားတာကိုပြောချင်တာဖြစ်မယ်)

ဆေးအိုးသုံးအိုး သန့်စင်ပြီးသည့်အချိန်တွင် ၁၁ နာရီ ၃၀ မိနစ် ရှိနေပြီဖြစ်သည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now