စာစဉ်(၃၃)အပိုင်း(၇)အခန်း(၃၉၀-ခ)ချောင်မိသားစုကိုသွားကြမယ်(၂)
ကျိုးဖေး ကော်ရစ်ဒါထောင့်သို့ အမြန်ပြေးသွားပြီး ဇီယန်မှာ ထိုင်၍ ရှိုက်ကြီးတငင်ငိုကြွေးနေသည်ကိုမြင်လိုက်ရသဖြင့် သူမ၏မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။ သူမ ဇီယန်ဆီ အမြန်ပြေးသွားပြီး ထိုင်ချကာ "အစ်မယန် မငိုနဲ့တော့။ အိမ်ပြန်ရအောင်..."
ကျန်းဟန် ရှေ့မှဦးဆောင်ကာ တစ်ခုခုလုပ်ရန် အလျင်လိုနေသကဲ့သို့ အမြန်လျှောက်နေသည်။ တစ်လမ်းလုံး သူ တိတ်ဆိတ်နေ၏။
ကျောက်ဖုန်းနှင့် အခြားသူများ သူ့နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာကြသည်။ လမ်းသွားလမ်းလာများ၏စူးစမ်းလိုသည့်အကြည့်များအောက်တွင် သူတို့ ကုမ္ပဏီမှ ထွက်လာကြသည်။
အောက်ထပ်ရှိ Mercedes ငါးစီးပေါ်သို့ တက်သွားကြသည်။
ဇီယန်က သူ့အား ယုံကြည်ချင်ကြောင်း သူသိသော်လည်း ချောင်လောလောမှာ အလွန်ဉာဏ်များသည်။
အတိအကျပင်။
ချောင်လောလောသည် အမြဲတမ်း ဉာဏ်များကောက်ကျစ်၏။
ကျန်းဟန်အား ပြဿနာရှာ၍မရနိုင်မှန်း သူမ သိရှိသွားသဖြင့် သူမ ဇီယန်ကို ပြဿနာရှာရန် ဆုံးဖြတ်လိုက်သည်။
မင်းက တကယ်ကို အကြံအစည်ကြီးပါတယ်...
ငါဝန်ခံတယ်...
ဒါပေမယ့်....
ချောင်မိသားစုတစ်ခုလုံးတောင်...
ငါ့မျက်လုံးထဲမှာ...
ဘာမှမဟုတ်ဘူး....
ရုတ်တရက်... ကျန်းဟန် လှည့်ကြည့်လိုက်သည်။ သူ၏မျက်နှာမှာ ဘာမှမထူးခြားသလို အသံကလည်း ခပ်နိမ့်နိမ့်ပင်။
"ချောင်မိသားစုကို သွားကြမယ်"
ဝုန်း...
ကျောက်ဖုန်း၏နှလုံးခုန်သံများ ပြင်းထန်သွားသည်။
ဒါ တော်တော်ဆိုးရွားတယ်...
ဆရာ ဒီလိုမထူးမခြားနားအမူအရာပြတဲ့အချိန်တိုင်း...
ဟူး....
ကျောက်ဖုန်း တံတွေးမျိုချလိုက်ပြီး ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။ "ဟုတ်ကဲ့"
YOU ARE READING
အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိ
Romanceအင်မော်တယ်ဖေဖေ(ကျန်းဟန်) စာစဉ်ကို စာစဉ်(၃၁) မှ (၄၀) အထိ ဒီမှာ တင်ပေးသွားပါမယ်။ Reading List မှာ ထည့်ထားကြပါနော်...