အပိုင်း(၁)

60.7K 2.2K 232
                                    




သူငယ်ချင်းနှစ်ယောက်၏ မြှောက်ပင့်မှုကြောင့်
သောက်ထားသည့် အရှိန်နဲ့အတူ ဆူညံနေသည့် သီချင်း
သံများကြောင့် လင်းထွဋ်သော် ခေါင်းနောက်လာသည်။


ထို့ကြောင့် စားပွဲပေါ်တင်ထားသည့်ဖုန်းကို
ကောက်ယူကာ toilet သို့ ခဏထလာခဲ့၏။


အချိန်ကား ည ၁ နာရီရှိနေပြီဖြစ်သည်။
သို့သော် သူရောက်နေသည့် club ထဲမှာတော့
အကုန်လုံးက မြူးထူးတက်ကြွနေ၏။
လွတ်လွတ်လပ်လပ် သောက်စား၍
ကနေသူများလည်းပါသလို၊ တချို့ကလည်း
လွတ်လပ်ခြင်း၏တစ်ဖက်သို့ ကျော်လွန်ကာ
တစ်စုံတစ်ခုသော ခံစားချက်တွင်
မျောလွင့်နေကြ၏။ တချို့ကလည်း အတူရှိနေသော
Partner နဲ့ ချိုမြိန်ယစ်မူးဖွယ်အခိုက်အတန့်များကို
ခံစားနေကြသည်။

လင်းထွဋ်သော် ဒီလိုနေရာကို ရောက်ဖူးတာ
အခုမှ ပထမဆုံးဖြစ်သည်။ လူရှုပ်တာကို
သိပ်မကြိုက်တတ်သည့် သူက အခန်းထဲမှာပဲ
ခွေအိပ်နေရတာ ၊ ဇာတ်ကားတစ်ကားကြည့်၊
စာအုပ်တစ်အုပ်ဖတ်နေရတာလောက်ကိုသာခုံမင်သည်။
ဒီနေ့မှသာ သူ့သူငယ်ချင်းနှစ်ယောက်ဖြစ်သည့်
မြတ်သွင် နဲ့ ခင်ရတီက အတင်းခေါ်လာ၍ရောက်ဖူးခြင်းဖြစ်သလို ခါးသက်သက် ပြင်းရှရှ အရက်တွေကိုလည်း
အခုမှ ပထမဦးဆုံးအကြိမ် သောက်ဖူးခြင်းဖြစ်သည်။

မူးရိပ်ရိပ်ခံစားချက်နဲ့အတူ toilet ဘက်သို့ လင်းထွဋ်သော်
လာခဲ့သည့်အခါ အဝတွင် ဆေးလိပ်သောက်နေသည့်
အသက်ခပ်ကြီးကြီးလူတစ်ယောက်ကိုသာတွေ့ရပြီး
လူရှင်းနေသည်။

လင်းထွဋ် toilet ထဲသို့ ဝင်ကာ တံခါးကို ပိတ်၍
အိမ်သာအဖုံးကိုချကာ ထိုင်ချလိုက်မိသည်။ တကယ်တော့ သူဒေါင်ချာစိုင်းနေပြီ ဖြစ်သည်။
မူးသည်။ အန်ချင်သည်။ အိပ်ချင်သည်။ အသက် ၂၃နှစ်
အရွယ်တွင် ပထမဦးဆုံး အရက်သောက်မိသည့်
အတွေ့အကြုံက သိပ်တော့ အဆင်မပြေ။

လင်းထွဋ် အဆင်ပြေသလောက်ရှိသည့်
အနေအထားအထိ ခဏမျှနေပြီးမှ တံခါးကိုဖွင့်ကာ
ပြန်ထွက်လာခဲ့သည်။ ဖုန်းကို ဘောင်းဘီအိတ်ထဲထိုး
ထည့်ပြီး လက်ဆေးနေသည့်အချိန်တွင် သူ့ဘေး
ခပ်လှမ်းလှမ်းတွင် ရှိနေသူကို သတိထားမိသွားသဖြင့်
ဘာရယ်မဟုတ် လှည့်ကြည့်လိုက်မိသည်။


ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]Onde histórias criam vida. Descubra agora