အပိုင်း(၁၄)

13.9K 1.1K 217
                                    


"မင်း သက်သာလား"

စိုင်းစစ်သွေးမာန်၏ မေးခွန်းကြောင့်
လင်းထွဋ်သော် မျက်နှာလေးခပ်ရဲရဲဖြစ်သွားပြီးမှ
ခေါင်းညိတ်ပြလိုက်သည်။

ဒီနေ့တစ်နေ့တည်းမှာပင် စိုင်းစစ်သွေးမာန်က
ထိုမေးခွန်းကို မေးနေတာ အကြိမ်ကြိမ် ။

ဟိုတယ်မှ ပြန်လာခဲ့ကြပြီးနောက် ကြေးအိုးဝင်ဝယ်ကာ
အိမ်မှာနှစ်ယောက်အတူ စားကြသည်။
စိုင်းစစ်သွေးမာန်က သူ့ကွန်ဒိုမှာပဲ ည၈နာရီလောက်အထိ
နေပေးသွားပြီးမှ ပြန်သွားခြင်းဖြစ်သည်။
တစ်နေ့လုံး အတူရှိနေသည့်အချိန်တွင်လည်း
ထိုမေးခွန်းအား မေးသလို အခု ည ၁၀ နာရီ
ကျပြန်တော့လည်း video call
ခေါ်ပြီး မေးလာပြန်သေးတာမို့
ဖြေနေရသည့် လင်းထွဋ်သော်မှာ ရှက်လာရတော့သည်။

စိုင်းစစ်သွေးမာန် ကတော့ ဘယ်လိုနေမလဲ မသိပေမဲ့
သူကတော့ စိုင်းစစ်သွေးမာန် ထိုသို့မေးတိုင်း
မနေ့ညက သူတို့နှစ်ယောက် အတူနေခဲ့ကြတဲ့
မြင်ကွင်းတွေကို ပြန်မြင်ယောင်နေရတာမို့ ခက်ရချည့်။

" မနက်ဖြန် လာခေါ်မယ်။ ၁၁ နာရီလောက်"

မနက်ဖြန်မှာ စိုင်းစစ်သွေးမာန်၏ showroom opening ရှိတာကြောင့် ထိုကိစ္စကို ရည်ညွှန်းကာပြောခြင်းဖြစ်သည်။
လင်းထွဋ်သော်က ဖွဖွလေးပြုံးလိုက်ပြီးမှ

"မင်းအားမှလာခေါ်နော် ။မဟုတ်ရင် မြတ်သွင်တို့နဲ့ပဲ.."

"ကျစ် အားပါတယ်ဆိုမှကွာ။ ဒါပဲပြောနေတယ်"

သူ့စကားကိုဖြတ်ကာ မျက်ခုံးကိုတွန့်ချိုးလျက်
ခပ်ဆတ်ဆတ်ပြောလိုက်သည့် စိုင်းစစ်သွေးမာန်ကြောင့်
လင်းထွဋ်သော်၏ အသံလေး တိတ်ကျသွားရသည်။

ထို့နောက်မှ ခေါင်းလေးညိတ်ပြပြီး

"အင်း။ အဲ့ဒါဆိုလည်း မင်းကိုပဲစောင့်နေမယ်"

" လင်းထွဋ်သော်"

"ဟင်"

ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]Where stories live. Discover now