အပိုင်း(၆)

14.3K 1.3K 162
                                    



လင်းထွဋ်သော်သည် ဖုန်း screen ကို စိုက်ကြည့်
နေသည်မှာ အတော်ကြာပြီဖြစ်ပါသည်။ထို့ကြောင့်
ဆိုင်ကိုအလည်လာ၍ ကော်ဖီအတူထိုင်သောက်ဖြစ်နေသော မြတ်သွင်ကပင်ရိပ်မိကာ အကဲခတ်လာခဲ့၏။

"ဖုန်းစောင့်နေတာလား"

"ဟင်။ မဟုတ်ပါဘူး"

"မသိပါဘူး။ ဖုန်းကိုတောက်လျှောက်ကြည့်နေလို့"

ထိုအခါမှ လင်းထွဋ် က ချောင်းတစ်ချက် တိုးတိုးဟန့်ပြီး
ဖုန်း screen ကို ပိတ်လိုက်မိသည်။

"ရတီက ဘာလို့လိုက်မလာတာလဲ"

"ခေါင်းနည်းနည်းကိုက်နေလို့တဲ့"

"ဪ"

"မင်းရုပ်ရှင်ကြည့်ချင်တယ်ဆို ဘယ်နေ့သွားမှာလဲ"

လွန်ခဲ့တဲ့၃ရက်လောက်တုန်းက လင်းထွဋ်ပြောခဲ့ပြီး
ဘာမှထပ်မပြောဖြစ်သေး၍ မြတ်သွင်က
မေးလိုက်ခြင်းဖြစ်သည်။ ဘယ်နေ့လဲဆိုတာ
လင်းထွဋ်လည်း မသိသေး။ ရုပ်ရှင်ကြည့်ဖို့ စခေါ်တဲ့သူက
သူ့ကို မနေ့တစ်နေ့ကရော မနေ့ကရော ထပ်မဆက်သွယ်၊
Message လည်းထပ်မပို့။ angry react တစ်ခုနဲ့တင်
အဆုံးသတ်သွားသည့် conversationကို လင်းထွဋ်လည်း
ဘယ်လို ပြန်စရမလဲ မသိပါ။

စိတ်ဆိုးသွားတာတော့ သိပေမဲ့ လင်းထွဋ်ကို
ဘယ်သူမှ ဒီလိုမျိုးစိတ်ဆိုးတာ ၊ စိတ်ကောက်တာ
မလုပ်ဖူး၍ လင်းထွဋ် ဘယ်လိုပြန်လုပ်ရမလဲ
မတွေးတတ်။

"ငါလည်း ဘယ်နေ့ကြည့်ရမလဲဆိုတာ မသိသေးဘူး..။
မင်းတို့ရော ဘယ်နေ့အားလဲ"

"ငါတို့က အားပါတယ်"

"စိုင်းစစ်သွေးမာန်ရောပါမယ်ထင်တယ်"

"ဟုတ်လား"

"အင်း"

"စစ်သွေးက ရုပ်ရှင်ရုံတွေဘာတွေ သွားရတာ
မကြိုက်ဘူးလားလို့။ ငါတို့ ၁၀ တန်းတုန်းက
သူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားကြည့်ရင်တောင်
အဲ့ဒီကောင်ကဘယ်တော့မှ မလိုက်ဘူး"

မြတ်သွင်စကားကြောင့် လင်းထွဋ်သော် ငြိမ်နေပြီးမှ..

" မြတ်သွင်"

ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]Where stories live. Discover now