အပိုင်း(၅)

14.8K 1.3K 167
                                    



ဒီနေ့က လင်းထွဋ်သော်၏ ကော်ဖီဆိုင်ဖြစ်သည့်
Cafe Viva စဖွင့်ခဲ့သည်မှာ တစ်နှစ်ပြည့်သည့်နေ့ဖြစ်သည်။ တစ်နှစ်ပြည့်သည့်အထိမ်းအမှတ်အတွက်
လင်းထွဋ်သော်က ဝန်ထမ်းတွေကို
စားသောက်ဆိုင်ကောင်းကောင်းတွင်
ညစာကျွေးကာ လက်ဆောင်ပစ္စည်းများ
ပေးသည့် ၊ ဝန်ထမ်းကောင်းများကို ဆုချသည့်
ပွဲလေးလုပ်ပေးဖြစ်ခဲ့သည်။

ထိုပွဲပြီးသည့်အခါတွင် ည ၉ နာရီခွဲခန့်ပင်ရှိနေပေပြီ။

"ကျွန်တော်တို့သွားတော့မယ်ဗျ အစ်ကို"

"ညစာအတွက်ကျေးဇူးပါရှင့်"

"ဟုတ်ကဲ့ဗျ ။ ဂရုစိုက်ပြန်ကြဦးနော်"

"အစ်ကိုလည်း ပြန်တော့မယ်။
မနက်ဖြန်မှဆိုင်မှာတွေ့မယ်နော် လင်းထွဋ်"

"ဟုတ်ကဲ့ ကိုမျိုး"

ဆိုင်က ဝန်ထမ်းတွေနဲ့ နှုတ်ဆက်ပြီးသည့်နောက်တွင်
လင်းထွဋ်သော် ကားရပ်ထားခဲ့သည့် နေရာသို့
လျှောက်လာခဲ့လိုက်၏ ။

ထို့နောက်အိမ်သို့ပြန်ရန် ကားစက်ကို နှိုးလိုက်သည့်
အခါ ပုံမှန်မဟုတ်သည့် ကားစက်သံကို
ကြားလိုက်ရကာ ကားကရပ်သွားခဲ့သည်။
လင်းထွဋ်သော် မျက်လုံးလေးများဝိုင်းသွားပြီး
နောက်တစ်ခေါက်ပြန်နှိုးလိုက်သည့် အခါတွင်မူ
စက်ကမနိုးလာတော့ပေ။

လင်းထွဋ်သော် ခေါင်းကို တစ်ချက် ကုတ်လိုက်မိ၏။
လင်းထွဋ်သော်က ကားသာမောင်းတတ်၍
ကားအကြောင်း ဘာမှသိပ်နားမလည်၊ ကားကိုလည်း
တစ်ခုခု ဖြစ်သွားပါမှ မြတ်သွင်ကိုအကူအညီတောင်းကာဝပ်ရှော့ပို့လိုက်တာကလွဲ အမြဲတမ်း သ နေတတ်တဲ့လူ
မဟုတ်။ကားကိစ္စနဲ့ပတ်သက်လျှင် အမြဲတမ်း
မြတ်သွင်ကပဲ လိုက်လုပ်ပးနေကျဖြစ်၍ သူ့ဖုန်းထဲမှာ
ဝပ်ရှော့ကဖုန်းနံပါတ်ပါ ရှိမနေခဲ့ပေ။


လင်းထွဋ်သော်ခဏမျှ စဉ်းစားနေပြီးမှ
ဖုန်းကိုယူလိုက်သည်။


အခုရောက်နေတဲ့ဆိုင်က မြတ်သွင်တို့ရဲ့
ဖုန်းဆိုင်နဲ့နီးတာကြောင့် မြတ်သွင်တို့ကိုပဲ
အကူအညီတောင်းရတော့မည်။
ပထမဆုံးသူ့ကို လာကြိုခိုင်းပြီး ၊ပြီးမှသာ
မြတ်သွင်ကို ဝပ်ရှော့ကို ဖုန်းဆက်ခိုင်းကာ ကားကို
လာယူခိုင်းလိုက်တော့ဖို့ စိတ်ကူးထားလိုက်၏။


ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]Donde viven las historias. Descúbrelo ahora