အပိုင်း(၁၃)

15.3K 1.2K 159
                                    

ကိစ္စပြီးသည့်အခါ
စိုင်းစစ်သွေးမာန်က လင်းထွဋ်သော်ကို
သန့်ရှင်းရေးအရင်လုပ်ပေးသည်။ ထို့နောက် သူက
ရေချိုးခန်းထဲဝင်သွားကာ ရေချိုး၏။

စိုင်းစစ်သွေးမာန်၏ ချည်သားဘောင်းဘီ အဖြူနဲ့
တီရှပ်အနက်ရောင်ပွပွလေးကို ဝတ်ထားသည့်
လင်းထွဋ်သော်သည် ခုတင်ပေါ်တွင် ငြိမ်သက်စွာ
ထိုင်လျက်ကျန်နေခဲ့သည်။

စိတ်ထဲတွင် ဘာကြောင့်ရယ်မသိ
အနည်းငယ် ညှိုးငယ်နေသည်။
သူကိုယ်တိုင်လိုလိုလားလား
လက်ခံခဲ့၍သာဒီလိုဖြစ်ခဲ့ကြတာမို့လို့
နောင်တရတာမျိုးတော့မဟုတ်။

သူအရမ်းလွယ်သွားခဲ့တာမို့လို့ စိုင်းစစ်သွေးမာန်က
သူ့ကိုအထင်သေးသွားပြီး
ခပ်ပေါ့ပေါ့ဆက်ဆံတော့မှာကို
စိတ်ပူနေမိခြင်းဖြစ်သည်။

လင်းထွဋ်သော်သည် မျက်လုံးများကို မှေးမှိတ်ချကာ
ပင့်သက်တစ်ချက်ရှိုက်လိုက်မိပါ၏။

"မင်းတစ်ခုခုစားမလား မှာပေးမယ်"

အောက်တွင် Sport pant တစ်ထည်ကို ဝတ်ကာ
ခန္ဓာကိုယ်အပေါ်ပိုင်းဗလာဖြင့် ရေချိုးခန်းထဲမှ
ထွက်လာသည့် စိုင်းစစ်သွေးမာန်က
လင်းထွဋ်သော်ကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။

လင်းထွဋ်သော်သည် ခေါင်းကိုအသာ
ယမ်းပြလိုက်မိသည်။ စိုင်းစစ်သွေးမာန်က
လင်းထွဋ်သော်ရဲ့ မျက်နှာကို အကဲခတ်လိုက်ပြီးမှ
လင်းထွဋ်သော် အနားသို့ လျှောက်သွားလိုက်သည်။

ထို့နောက် ခုတင်ပေါ်တွင်ထိုင်နေသည့်
လင်းထွဋ်သော်ရဲ့မျက်နှာကို သူ့လက်ဖျားဖြင့်
ဆွဲမော့လိုက်ကာ စူးစူးစိုက်စိုက်ကြည့်၍

"မင်း ဘာဖြစ်နေတာလဲ"

လင်းထွဋ်သော်က ခေါင်းကိုယမ်းပြန်သည်။
စိုင်းစစ်သွေးမာန်က တစ်ချက်စဉ်းစားလိုက်ပြီးမှ

"protectionမပါဘဲငါတို့ဖြစ်သွားလို့
စိတ်ပူနေတယ်ထင်တယ်။
ငါက တွေ့ရာလူနဲ့အိပ်တတ်တဲ့ကောင်တော့မဟုတ်ဘူး။
Protection မပါဘဲ အိပ်မိသွားတာလည်း
မင်းနဲ့ကပထမဆုံးပဲ။
ဒါပေမဲ့ အဲ့ဒါကို စိတ်ပူတယ်ဆိုရင်လည်း
မင်းစိတ်ရှင်းအောင် ငါဆေးစစ်ပေးမယ်"

ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]Where stories live. Discover now