အပိုင်း(၂)

19.5K 1.8K 126
                                    



တစ်ယောက်တည်းနေသော ကွန်ဒိုခန်းသည်
သူ့အတွက် တိတ်ဆိတ်နေ၏။ လင်းထွဋ်သော်သည်
အိပ်ရာမှနိုးလာသော်လည်း ချက်ချင်းမထသေးဘဲ
ခွေနေလိုက်မိသည်။ မနေ့ကသောက်ခဲ့သည့် အရှိန်ကြောင့်
ခန္ဓာကိုယ်က အနည်းငယ် ပုံမှန်မဟုတ်သလို
ခံစားရသည်။ နုန်းခွေခွေလည်းဖြစ်နေ၏။

အိပ်ရာဘေးတွင် အားသွင်းထားသည့် ဖုန်းကိုယူလိုက်ပြီး
WiFi ဖွင့်ကာ Facebook ထဲ ခဏဝင်ကြည့်လိုက်မိသည်။
ဟိုဟိုဒီဒီကြည့်ရင်း မြတ်သွင်ရဲ့ my dayတွင် မနေ့ညက club မှာ ရိုက်ထားသော မြတ်သွင်ရယ် ၊ခင်ရတီရယ် ၊
လင်းထွဋ် ရယ် သုံးယောက်သား mirror selfie လေးကို တွေ့သဖြင့် react ပေးလိုက်သေးသည်။

Messenger မှ သူတို့သုံးယောက်ဖွဲ့ထားသည့် group ထဲမှ
Message တွေဝင်နေသဖြင့် ဝင်ကြည့်သည့်အခါ
ခင်ရတီနဲ့ မြတ်သွင်ပို့ထားသည့် message
များကိုတွေ့ရသည်။

' လင်းထွဋ် မှောက်သွားပြီလားဟဲ့'

'လိုင်းပေါ်ကို မတက်လာနိုင်တော့ဘူး ဟားဟား'

'မနက်ဖြန် နေ့လယ် နင့်ကော်ဖီဆိုင်ကို လာခဲ့မယ် ။
ဆိုင်သွားမှာလား'

မနေ့ညက အိမ်ပြန်ရောက်လာကတည်းက
အိပ်ပျော်သွားတာကြောင့် message တွေကို လင်းထွဋ်
အခုမှ reply ပြန်လိုက်သည်။

'အခုမှနိုးလို့'

'ဆိုင်က မသွားတော့ဘူး။ လာချင်ရင်
အိမ်ကို လာခဲ့ကြလေ'

Message ပို့ပြီးနောက် လင်းထွဋ် ဖုန်းကို ပြန်ချလိုက်ပြီး
ရေချိုးခန်းထဲ ဝင်ခဲ့လိုက်တော့သည်။

လင်းထွဋ်သော်သည် အသက် ၂၃ နှစ်အရွယ်ကတည်းကတစ်ယောက်တည်းနေရသည့် ဘဝတွင် ကျင့်သားရနေပြီ ဖြစ်သည်။ တကယ်တော့
လင်းထွဋ်သော်၏မွေးရပ်ဇာတိသည်
မန္တလေးမဟုတ်၊ပြင်ဦးလွင်ဖြစ်၏။ 

လင်းထွဋ်သော်၏
မိဘများသည်ကား လင်းထွဋ်သော် ၉ တန်းနှစ်၌ မန္တလေးကို အလုပ်ကိစ္စဖြင့်သွားကြရာ ပြင်ဦးလွင်-မန္တလေးလမ်းတွင် ကား accident ဖြစ်ပြီးတစ်ချိန်တည်းမှာပင်
ဆုံးပါးသွားခဲ့ကြသည်။

ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]Where stories live. Discover now