အပိုင်း(၂၇)

14K 1.3K 219
                                    



အသိစိတ်နဲ့ ခန္ဓာပြန်ကပ်သည့်အချိန်တွင်
သူတစ်ခါမှ မမြင်ဖူးမရောက်ဖူးသည့်
ပတ်ဝန်းကျင်တစ်ခုကို မူးဝေနုံးချိနေသည့်
ခံစားမှုများကြားမှ လင်းထွဋ်သော် ပထမဆုံး
သတိထားမိသည်။

လင်းထွဋ်သော်ရောက်နေသည့်နေရာသည်
အိပ်ခန်းတစ်ခန်းဖြစ်ပြီး ပတ်ပတ်လည်ကို
မီးခိုးရောင်ဖျော့ဖျော့ဆေးသုတ်ထား၏။
ပြတင်းပေါက်များ ဖွင့်ထားသော်လည်း
အလွတ်မဟုတ်ဘဲ သံတန်းများဖြင့်
တစ်ထပ်ကာထားသည်။မြင်ရသလောက်အနေအထားဖြင့်
အပြင်ကို လှမ်းကြည့်ရသလောက်တော့
တိုက်အမြင့်မဟုတ်ဘဲ တစ်ထပ်တိုက်ဖြစ်မည်ဟု
ယူဆရသည်။


လင်းထွဋ်သော်သည် ကိုက်ခဲနေသည့်
ခေါင်းကို အသာဖိနှိပ်မိရင်း အိပ်နေရာမှ
အားယူကာ ထထိုင်လိုက်သည်။
ထိုတခဏတွင်ပင် သူဘာလို့ ဒီကို ရောက်ခဲ့ရလဲ
ဆိုသည့်အကြောင်းကို ပြန်စဉ်းစားနိုင်သွား၏။

လင်းထွဋ်သော်ရဲ့ မျက်လုံးများသည်
မယုံနိုင်ခြင်းများစွာနဲ့အတူ ဒေါသရိပ်များ
ထင်ဟပ်သွားခဲ့သည်။

ထိုအချိန် စေ့ပိတ်ထားသည့် တံခါးပွင့်သွားခဲ့ပြီး
အခန်းထဲသို့ စိုင်းစစ်သွေးမာန်ကို ဝင်လာသည်။

"သတိရပြီလား"

စိုင်းစစ်သွေးမာန်၏ လေသံသည်
မယုံနိုင်စရာကောင်းအောင်ပင် တည်ငြိမ်နေလျက်။
တရားဥပေဒေဆိုတဲ့ ဘောင်ထဲကနေထွက်ပြီး
သူလုပ်လိုက်တဲ့ ကိစ္စဟာ ဘာမှမဟုတ်သလို..၊
ဘာအပြစ်မှမရှိသလို။

လင်းထွဋ်သော်သည် စိုင်းစစ်သွေးမာန်ကို
အေးစက်စွာ စိုက်ကြည့်လိုက်ပြီး

" မင်းငါ့ကို ဘယ်ကို ခေါ်လာတာလဲ"

"ဗိုက်ဆာပြီလား။ ငါခေါက်ဆွဲပြုတ်ပေးမယ်"

"ငါ့ကို အိမ်ပြန်ပို့  စိုင်းစစ်သွေးမာန်"

စိုင်းစစ်သွေးမာန်က လင်းထွဋ်သော်ကို
တစ်ချက်သာ ကြည့်ပြီး သူ့လက်ထဲမှာကိုင်ထားသော
တံဆိပ်အမျိုးမျိုးရိုက်နှိပ်ထားသည့် အိတ်မျိုးစုံကို
အခန်းထဲတွင် ရှိနေသည့် ဗီရိုထဲသို့ သွားထည့်သည်။

ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]Where stories live. Discover now