အပိုင်း(၂၄)

16.8K 1.4K 306
                                    



အိမ်ရှေ့တွင် ကားရပ်သံကြားလိုက်ရသည့်အခါ
စိုင်းစစ်သွေးမာန် ပြန်လာပြီဆိုတာကို
သိလိုက်ရတာကြောင့်ဟန်ထက်စျာန်
ဆိုဖာပေါ်တွင် ခွေလှဲနေရာမှ ထသွားလိုက်၏။

ထို့နောက် ကားပေါ်မှ ဆင်းလာသည့်
စိုင်းစစ်သွေးမာန်အား ပြေးဖက်လိုက်ပြီး

"ပြန်လာပြီလား ..သွေး။ ကိုယ်မင်းကို စောင့်နေတာ။
ကိုယ် ဒီနေ့လေ..သိပ်နေလို့မကောင်းဘူး"

စိုင်းစစ်သွေးမာန်သည် သူ့ကို ဖက်ထားသည့်
ဟန်ထက်စျာန်ရဲ့ ကိုယ်အား ပခုံးနှစ်ဖက်မှနေ၍
ဆွဲခွါပစ်လိုက်သည်။

"ခင်ဗျား လင်းထွဋ်သော်ကို ဘာတွေ သွားပြောထားလဲ"

"သွေး.."

"ခင်ဗျား အဲ့ဒီလောက်ထိ လုပ်မှရမှာလား ။
ခင်ဗျား အဲ့ဒီလောက်ထိ အတ္တကြီးမှ ရမှာလား ။ ဟမ်"

ဟန်ထက်စျာန်သည် စိုင်းစစ်သွေးမာန်ရဲ့
မျက်လုံးများနီရဲနေသည်အထိပင်
အံကိုကြိတ်၍ စိတ်ပျက်ဒေါသထွက်နေသည့်
မျက်နှာကို စိုက်ကြည့်ပြီး

" မင်းကဘာလို့ ဒီလောက်ထိဖြစ်နေတာလဲ သွေး။
မင်းလိုလူက ဘာလို့ဒီလို ဖြစ်နေတာလဲ။
ကိုယ့်နေရာမှာအစားထိုးဖို့ ပတ်သက်ခဲ့တယ်ဆိုတဲ့
လူတစ်ယောက်အတွက် ဘယ်အချိန်သေတော့မလဲ
မသိတဲ့ ကိုယ့်ကိုတောင် မင်းက ဒေါသထွက်နေ ၊
အပြစ်ပြောနေတာလား။ ဟင်.."

ဟန်ထက်စျာန်၏ စကားဆုံးသည့်အခါ
စိုင်းစစ်သွေးမာန်က တောက်တစ်ချက်ကို
ခပ်ပြင််းပြင်းခေါက်လိုက်သည်။

"ကျွန်တော်နောက်ဆုံးအကြိမ် အနေနဲ့
သတိပေးမယ်။ သူ့ကို သွားမထိနဲ့
ဟန်ထက်စျာန်။ ခင်ဗျား သူ့ကို သွားပြီး
ထိခိုက်လိုက်တာနဲ့ ကျွန်တော် ခင်ဗျားဘေးမှာ
မရှိတော့ဘူးဆိုတာ သိထားလိုက်"

"သွေး.."

အားလျော့စွာခေါ်လိုက်သည့် ဟန်ထက်စျာန်ရဲ့
မျက်လုံးထဲတွင် မျက်ရည်များ ပြည့်တက်လာခဲ့သည်။

"မင်း..သူ့ကို အဲ့ဒီလောက်ထိ ချစ်နေပြီလား.."

ဟန်ထက်စျာန်ရဲ့ မေးခွန်းအား
စိုင်းစစ်သွေးမာန်က မဖြေ။
လျစ်လျူရှု၍သာ အိမ်ထဲသို့ ဝင်သွား၏။

ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]Où les histoires vivent. Découvrez maintenant