အပိုင်း(၁၉)

15.1K 1.2K 340
                                    



'သွေး ညနေ အပြင်ကနေ ဘာမှမဝယ်ခဲ့နော်။
ငါ အိမ်မှာ ကြက်သားကြော်ပြီး
မှိုကန်စွန်း လေးလည်းကြော်ထားခဲ့တယ်'

Active now တွေ့၍
လင်းထွဋ်သော် ပို့လိုက်သည့် message ဟာ
တစ်ဖက်သို့ delivered သာဖြစ်သွားပြီး seen မပြ။

အခုတလော သူက စိတ်ရှုပ်စရာ
တစ်ခုခုရှိနေသည်ထင်ရဲ့။
လင်းထွဋ်သော်ကို ဆက်ဆံတဲ့ ပုံစံ၊
စကားပြောတဲ့ပုံစံတွေက အနည်းငယ်
အေးစက်နေသယောင် ဖြစ်နေခဲ့သည်။

အတူတူ နေရင် ပိုပြီး နီးစပ်လာပြီး ၊
အတူတူရှိချိန် များလာတာနဲ့အမျှ
သူတို့နှစ်ယောက်ကြားထဲ ပိုပြီး နွေးထွေးလာမယ် ၊
သံယောဇဉ်တွေခိုင်မြဲလာမယ်ထင်ခဲ့ပေမဲ့
စိုင်းစစ်သွေးမာန်ကတော့
ထိုသို့ မဟုတ်ဘူးထင်သည်။

လင်းထွဋ်သော် သူ့ဖုန်း၏ Lock Screen wallpaper ရှိ
မြခနောက်တောင်ပေါ်မှ သူတို့နှစ်ယောက်၏
ဓာတ်ပုံလေးကိုသာ ငေးစိုက်ကြည့်နေမိသည်..။

သူတို့တွဲလာခဲ့ကြတာ မနက်ဖြန်ဆိုရင်
တစ်လပြည့်ပေပြီ။ ဒါပေမဲ့ စိုင်းစစ်သွေးမာန်ဆီမှ
သူ့ကို ချစ်တယ်ဆိုသည့် စကားမကြားခဲ့ရသေး။

ထို့ပြင် အခုတလော သူက လင်းထွဋ်သော်ကို
စကားဟဟ မပြော၊ တစ်ယောက်တည်း
နေနေသည်သာ များပြီး လင်းထွဋ် အနားနည်းနည်း
သွားကပ်ပြန်တော့လည်း စိတ်ရှုပ်ဟန်
ဖြစ်ဖြစ်သွားတာမို့ ကိုယ်ပိုင်အချိန်
လိုချင်နေသည်ဟုသာ ယူဆပြီး
လင်းထွဋ်သော်လည်း အဆင်ပြေအောင်
နေပေးနေမိသည်။

'အင်း'

စိုင်းစစ်သွေးမာန်ဆီမှ ရောက်လာသည့်
reply ဖြစ်သည်။ လင်းထွဋ်သော် သက်ပြင်း
တစ်ချက်ရှိူက်မိရင်း love react
လေးသာ ပေးလိုက်မိတော့သည်။

ထိုအချိန်တွင် ရုံးခန်း တံခါးခေါက်သံနဲ့အတူ
ကိုမျိုး၏ အသံကိုပါ ကြားလိုက်ရ၏။

"လင်းထွဋ်ရေ ။ ဧည့်သည်ရောက်နေတယ်"

ဆိုင်အထိ ဆိုရင်
မြတ်သွင်တို့ကလွဲလို့ ဘယ်သူမှ လာစရာမရှိ။
စိုင်းစစ်သွေးမာန်လာရင်လည်း ဆိုင်ရှေ့မှာပဲ
ကားရပ်ပြီး သူ့ကို ဖုန်းဆက်ခေါ်တာဖြစ်သည်။

ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]Where stories live. Discover now