အပိုင်း(၂၂)

17.5K 1.5K 410
                                    




တစ်ပတ်ခန့်ရှိပြီ။

စိုင်းစစ်သွေးမာန်ရဲ့ စိတ်တွေရှုပ်ထွေးနေခဲ့တာ..။

လင်းထွဋ်သော်နဲ့ ပြဿနာဖြစ်ပြီး
လင်းထွဋ်သော်ရဲ့ကွန်ဒိုက
ထွက်လာတဲ့အချိန်မှာပဲ ဟန်ထက်စျာန်က
တိုက်ဆိုင်စွာ ပြန်လာခဲ့သည်။
သို့သော် ဘာတွေများလွဲမှားသွားခဲ့လို့လဲမသိ..။
သူ့ရှေ့မှာ ဟန်ထက်စျာန်ကို မြင်လိုက်ရတဲ့အချိန်
သူ့နှလုံးသားဆီက နွေးထွေးလှုပ်ခတ်ခြင်း၊
ပျော်ရွှင်ကြည်နူးခြင်းမရှိလာတော့ဘဲ
ရှုပ်ထွေးနောက်ကျိခြင်းတွေသာ ဖြစ်လာခဲ့ရသည်။

"မင်းကို လွမ်းနေခဲ့တာ..။
မင်းကိုအရမ်းလွမ်းနေခဲ့တာ သွေး.."

ဟန်ထက်စျာန်က သူ့မျက်နှာကိုမော့ကြည့်ရင်း
တဖွဖွပြောသည်။

ဟန်ထက်စျာန်ရဲ့ ခန္ဓာကိုယ်က
အရင်တုန်းကထက် ပိန်သွယ်သွားခဲ့ပြီး
အသားအရည်လည်း ဖြူဖျော့သွားခဲ့သည်။

ခုတင်ထက်တွင် အတူလှဲ၍ သူ့ခါးကိုဖက်ကာ
သူ့ရင်ခွင်ထဲ မျက်နှာအပ်ထားသည့်
မြင်ကွင်းကို အရင်တုန်းက သိပ်လွမ်းခဲ့တာမှန်ပေမဲ့
အခုလက်ရှိမှာ အမှားတစ်ခုကို
ကျူးလွန်နေသလိုသာ စိုင်းစစ်သွေးမာန်
သူ့ကိုယ်သူ ခံစားရသည်။

"မင်းဆီက အနံ့လေးက အခုထိ ဒီအတိုင်းပဲ"

စိုင်းစစ်သွေးမာန်၏ လည်တိုင်ကို
နှာတံချွန်ချွန်ဖြင့်  ပွတ်သပ်နမ်းရှိုက်ရင်း
ဟန်ထက်စျာန် တိုးဖွဖွ ပြောလိုက်သည်။
လက်တွေကလည်း စိုင်းစစ်သွေးမာန် ဝတ်ထားသည့် နက်ပြာရောင် ရှပ်င်္အကျီလက်ရှည်၏ အောက်သို့
တိုးဝင်ကာ အဆီမရှိ ချပ်ရပ်သည့် ခါးနှင့်
ဝမ်းဗိုက်ကြွက်သားထင်းထင်းအား ပွတ်သပ်လိုက်၏။
စိုင်းစစ်သွေးမာန်က သူ့ကို
ခေါင်းငဲဲ့ကြည့်လာခြင်းမရှိသည့်အခါ
ဟန်ထက်စျာန် စိုင်းစစ်သွေးမာန်၏ လည်တိုင်ကို
ဆွဲချလိုက်ပြီး နှုတ်ခမ်းအားစုပ်ယူနမ်းရှိုက်ရန်
ကြိုးစားလိုက်သည်။

သို့သော် စိုင်းစစ်သွေးမာန်က မျက်နှာကို
တစ်ဖက်သို့ လှည့်သွားပြီး သူ့ကိုပါရင်ခွင်ထဲက
ထုတ်လိုက်၏။

ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]Tahanan ng mga kuwento. Tumuklas ngayon