အပိုင်း(၈)

13.6K 1.3K 348
                                    


ညနေဘာလို့မြန်မြန်မရောက်သေးတာလဲ..။

ဒီနေ့ကျမှပဲ အချိန်တွေက နောက်ကျသလို
လင်းထွဋ်သော် ခံစားနေရသည်။

အသံကို အဆုံးထိဖွင့် ပြီး WiFi ဖွင့်ထားသည့်
ဖုန်းကိုလည်း ခဏခဏကြည့်နေမိသလို
တစ်မိနစ်ချင်းရွေ့နေတဲ့ နာရီကိုလည်း
ခဏခဏ ကြည့်မိ၏။

စိုင်းစစ်သွေးမာန်နဲ့ အတူနှစ်ယောက်တည်း
အပြင်ထွက်ဖို့လောက်လေးဆိုပေမဲ့
၁ နာရီလောက်ကြာအောင်
ရွေးချယ်ပြီး အသင့်ထုတ်ထားသည့် အဝတ်အစားကို
လည်းမတွန့်မကြေ မပေမပွသွားအောင် ခုတင်ပေါ်တွင်
ဖွဖွလေးထိုင်နေမိသေးသည်။

သူ့အဖြစ်က နှလုံးသားဆီမှစတင်လှုပ်ခတ်စပြုတဲ့
ဆယ်ကျော်သက်လေးတွေလိုမျိုးဖြစ်နေ၏။
အင်း ။ တကယ်တော့ဆယ်ကျော်သက်လေးမဟုတ်တော့တာပဲရှိတာပါ။ အခုမှ သူဒီလို ခံစားဖူးတာမဟုတ်လား။

ည ၇ နာရီ ခွဲတွင်မူ စိုင်းစစ်သွေးမာန်၏ account က active now ဖြစ်လာသည်ကိုတွေ့လိုက်ရ၏။
မကြာခင်မှာပင် လင်းထွဋ်သော် စောင့်နေခဲ့သည့် message
သူ့ဆီမှ ရောက်လာခဲ့သည် ။

လင်းထွဋ်သော်သည် သူ့မျက်လုံးလေးများမှေးမှိတ်ကျသွားမတတ်ပင်ပြုံးလိုက်ပါတော့၏။

Sai Sitt Thway Marn:

'မိနစ်၃၀လောက်နေရင် ငါလာခဲ့မယ် ။
ပြင်ထားလိုက်တော့နော်'

ဟိုတယ်၏ ရေချိုးခန်းထဲမှ ထွက်လာပြီး
စိုင်းစစ်သွေးမာန် message ပို့လိုက်သည့်အခါ
မိနစ်အနည်းငယ် အတွင်းမှာပင် တစ်ဖက်က
လင်းထွဋ်သော်ဆီမှ  reply ရောက်လာသည်။

'အွန်း။ဘယ်ဆိုင်သွားမှာလဲ'

'မင်းစားချင်တဲ့ဆိုင်ရှိလား။အဲ့ဒီကိုသွားမယ်'

'ငါရှာထားတာလေးရှိတယ်^^'

'အင်း။ ငါလာခါနီးရင်ဖုန်းထပ်ဆက်မယ်'

စိုင်းစစ်သွေးမာန် ထိုmessage ကိုပို့လိုက်ပြီး
ဖုန်းကို မွေ့ရာပေါ်တွင်ချထားလိုက်သည်။

ရေစိုဆံပင်တွေကို dryer ဖြင့်မှုတ်၍
အဝတ်အစားဝတ်နေချိန်တွင် ဖုန်းက vibrate ဖြစ်လာ၍
ယူကြည့်လိုက်မိသည့်အခါ screen ပေါ်တွင် ပေါ်နေခဲ့သော message တစ်ခုကြောင့် နှလုံးခုန်သံများပင်
ရုတ်တရက်ရပ်သွားသလို ခံစားလိုက်ရ၏။

ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]Where stories live. Discover now