part1(uni/zawgyi)

859 2 0
                                    

Unicode

ခွမ်း

"ဘယ်မှာလဲ ပိုက်ဆံ''

"ပိုက်ဆံကသဲသက်လေးစီမှာ ဘယ်လိုရှိမှာလဲ''

"နင့်အမေ ပုံချစ်ရော''

"နေ့စားလိုက်တယ်လေ အံ့သြပါ့ တနေ့လုပ်တနေ့စားတွေကိုလာမေးနေသေးတယ် ဖယ်ကျောင်းသွားမလို့''

"ချစ်သဲသက် မင်း''

ထိုလူသည် သဲသက်လေး၏ပထွေးပင် အမြဲဒီလိုပင် နေဖင်ထိုးမှထပြီးရင် ပိုက်ဆံတောင်း သဲသက်လေးငယ်ငယ်လေးမှာအဖေဆုံးသွားတာမို့ အားကိုးရမယ်အထင်နှင့်မေမေသည် ယူခဲ့မိသည် အခုတော့ထိုလူဟာ အကုသိုလ်တုံးသက်သက်သာ

သဲသက်လေးတို့က စစ်ကိုင်းတိုင်းရဲ့ချောင်ကျတဲ့ ရွာလေးတရွာကပေါ့ အင်းအလုပ်အကိုင်ကတော့ လယ်ယာစိုက်ပျိုးရေးပေါ့ သဲသက်လေးတို့ကဆင်းရဲတယ်လေ လယ်တောင်မပိုင်ပါ အိမ်ဝန်းတောင်ဖေဖေချန်ထားခဲ့၍သာ

"ရော့''

"ဘာလဲ''

"နင့်ဦးလေးနဲ့စကားများခဲ့တယ်မလားစားလိုက်''

"ကျေးဇူး''

ဘုန်းရှိန်မင်း မနက်ချစ်သဲလေးတို့ဘက်ကဖြတ်ရင်းကြားမိခြင်းသာ

ဘုန်းရှိန်မင်းနဲ့ချစ်သဲလေးက ငယ်ငယ်ထဲကသူငယ်ချင်းတွေလေ အခုတော့ ၉တန်းကျောင်းသားတွေပေါ့ တည့်လားဆိုလဲအလိုမတည့်ပါဘူး
ချစ်သဲလေးအပြင်သူငယ်ချင်း၃ယောက်ရှိသေးသည်ရှိသေးသည်

"ငရှိန် အိမ်စာလုပ်ခဲ့လား''

"သေစမ်း ညကအိပ်သွားတာ''

"ငါမလုပ်ရသေးလို့ မေးပါမှပိုဆိုး''

"တူတူအဆော်ခံကြတာပေါ့ မောင်ထွန်း''

"သဲသက်လေး အိမ်စာ..''

"အာရုံလာမစားစမ်းနဲ့ ထွန်းလင်း''

စိတ်မကြည်နေတဲ့ သဲသက်ကြောင့် ဘာမမေးဘဲပါးစပ်သာပိတ်ထားလိုက်သည် အရစ်သွားရှည်နေရင်ဟိုကတကယ်ဆော်တာဗျ သူ့လက်သန်သိတာမို့ ငြိမ်နေတာအကောင်းဆုံး

ကလောင် ကလောင်

ကျောင်းဆင်းချိန်ဖြစ်၍ ကျောင်းသားကျောင်းသူများ မိမိကိုယ်စီအိမ်ပြန်ကြသည်

မေတ္တာတွေနဲ့မိုးတဲ့အိမ်Where stories live. Discover now