part4(uni/zawgyi)

124 3 0
                                    

"ရတယ်မလိုဘူး ကျေးဇူး''

ချစ်သဲသက်ကရိုင်းလိုက်တာဘဲပြောပြော ဒီပုံစုံပင်အရင်ထဲက ဘုန်းရှိန်မင်းကို ကျော်ကာမေမေ့ဘေးငုတ်တုပ်ထိုင်မိသည်

"မေမေသိလား အမိမရှိအဖမရှိဆိုလူတွေကနိမ်ချင်ကြတာ မေမေ့ချစ်သဲလေးက ပိုသန်မာမှရတော့မှာ မေမေရဲ့"

"အီးးးမိန်းမရေပုံချစ် ငါ့ကိုမထားခဲ့ပါနဲ့''

တနေ့တညလုံးမူးနေပြီး မြေချခံနီးမှမျက်လုံးကိုဖြစ်ညစ်ကာနှုတ်ချေးတွေနဲ့ အော်ငိုနေတဲ့ ထိုလူကြီးကို မြေကျွင်းထဲကန်ချချင်တဲ့အထိ တော်တော်မှအမြင်ကပ်နေပါပြီ

"မောင်စိုးထိုက် မြုပ်ရမှာအချိန်လင့်တယ် အလိုကြီးလုပ်မနေပါနဲ့ကွဲ့''

"ငါဘယ်လိုကျန်ခဲ့ရမှာလဲလို့ပုံချစ်ရဲ့''

"လူလေးတို့ မင်းတို့ဦးလေးကိုဒီဘက်ခေါ်ခဲ့လိုက်''

"ငါ့ကိုမထိနဲ့ မိန်းမရေလို့ပုံချစ် ဟင့်အီးး ရွှတ်''

နှာကလဲတချုံ့ချုံ့နဲ့ အရှက်မှရှိသေးရဲ့လားဘဲ
ရှိတုန်းကကျ အရက်ဖိုးတောင်းရုံကလွဲပြီးဘာများအနွံတာခံပင်ပင်ပန်းပန်းလုပ်ပေးခဲ့လို့လဲ

"ဟိုလူ အမေ့ကိုမခွဲနိုင်ဘူးမလား''

"အေး ငါ့မိန်းမငါမခွဲနိုင်တာ မင်းအပူလားချစ်သဲသက်''

"အဒါဆိုလည်း မြေကျွင်းထဲဝင်နေလိုက်လေ တခါတည်းထည့်မြုပ်လိုက်တာပေါ့ ဦလေးတို့မြေဖို့လိုက်လေ အဲ့လူကိုပါ''

"သဲသက် တကယ်ကြီးဝင်နေမှဖြင့်..''

"ပိုင်ပိုင်ဟိုမှာကြည့်''

ဘေးနားမှာ လေသံတိုးတိုးနဲ့ စိုးရိမ်တကြီးလာကပ်ပြောတဲ့ ပိုင်ပိုင့်ကို လူကြီးတွေမြေစဖို့တော့ကျွင်းထဲက ထွက်လာတဲ့ပထွေးကိုလက်ညှိုးထိုးပြလိုက်သည် အလကားလူမြင်ကောင်းအောင်ဟန်လုပ်ပြနေတာဟွန့်

"ဟယ်သောက်ကျိုးနည်း ဝင်နေခဲ့မယ်ထင်တာကို''

"သူမလုပ်ရဲဘူးလေ ငကြောက် လေဘဲပေါရဲတာ''

မြေချပြီးရက်သာလည်သွားတယ် ဟိူအရက်သမားကဘယ်ဂျောင်သဝေထိုးနေလဲမသိအခုထိအရိပ်အယောင်ကိုမမြင်သေး ကောင်းပါတယ်အိမ်ပြန်မလာလည်း


(Sorryပါရှင့် နေ့လည်အလုပ်နားချိန်မှာအိပ်ပျော်သွားလို့ခုမှတင်ပေးဖြစ်လို့ပါရှင့်)

"ရတယ်မလိုဘူး ကျေးဇူး''


















မြေချပြီးရက်သာလည်သွားတယ် ဟိုအရက်သမားကဘယ်ဂျောင်သဝေထိုးနေလဲမသိအခုထိအရိပ်အယောင်ကိုမမြင်သေး ကောင်းပါတယ်အိမ်ပြန်မလာလည်း



မေတ္တာတွေနဲ့မိုးတဲ့အိမ်Where stories live. Discover now