part11(uni/zawgyi)

79 2 0
                                    

Uni

"ဟဲ့ချစ်သဲသက်''

တချက်လှည့်ကြည့်ပြီးလူကိုမြင်သည်နှင့်ပြန်လှည့်သွားသည် ချစ်သဲသက်သူ့ကိုရှောင်နေသည်မှာတပတ်ပင်ရှိလာတော့မည် စာမေးပွဲပင်စိတ်မရောက်နိုင် ဒီညနေတော့မရရအောင်စကားပြောရမည်

ခေါ်သံကြား၍လှည့်ကြည့်တော့ အဖြူအစိမ်းနဲ့ဘုန်းရှိန်မင်းကျောင်းသွားမို့ထင်ပါသည် သဲသက်လေးသူ့ကိုအခေါ်အပြောမလုပ်သည်မှာ၁ပတ်ခန့်ပင်ရှိတော့မည် အဘယ်ကြောင့်ဆိုသဲသက်အမှားမလုပ်ပါရက်နဲ့အဲ့အကြည့်မျိုးနှင့် ကြည့်ခံရသည်ကိုလက်မခံနိုင်ပါ အကြောင်းစုံသိမှသာလျှင်ဝေဖန်သာအကောင်းဆုံးပင်

"သဲသက်''

"ဟေအခုမှပေါ်လာတယ်နော်မိပိုင်''

သူငယ်ချင်းတွေထဲသဲသက်ပိုင်ပိုင်နှင့်သာအပေါင်းများသည် မည်သို့ဆိုသော်ပိုင်ပိုင်သည်နွဲ့နေသည်ကလွဲ၍ မိမိနှင့်ဘဝအခြေအနေတူသူမို့သာ

"မိဝိုင်းတို့လယ်ထဲပျိုးပင်နုတ်တဲ့တဘောင်ကို၃၀၀တဲ့လိုက်မှာလား''

"အေးလိုက်ရမှာပေါ့ မဟုတ်ရင်အလုပ်ရှိမှာမဟုတ်ဘူး
လေအလုပ်မရှိတာဘယ်နှစ်ရက်ရှိပြီလဲရွေးနေလို့မရဘူးလေ''

"အင်ကြင်းနဲ့တောင်မတွေ့တာကြာပြီခနနေ
ဝင်ဦးမှ''

"သူများစာမေးပွဲဖြေနေတယ်သွားမရှုတ်နဲ့စာလုပ်ပါစေ''

"အေးပါဟယ်ငါကဒီတိုင်းပြောတာကို''

"အပြန်ကျဟင်းယူသွားလိုက်ကန်စွန်းရွက်တွေခူးထားတာရှိတယ်''

"ဘယ်ကသွားခူးလာတာ''

"ရွာအနောက်ဘက်ကကန်လေအဲ့က''

"မျော့မကြောက်ဘာမကြောက်ဟယ်''

"သဲသက် ဟဲဟဲ'

"အုပ်လိုက်ကြီးဘာလာလုပ်တာလဲငထွန်း''

"ဒီကောင်ငရှိန်လေလာချင်တယ်ဆိုလို့''

"အေးထိုင်ကြလေပိုင်ပိုင်ဧည့်ခံလိုက်ငါမအားဘူး''

"အခုဘဲအားနေတာဆို''

"ချက်ချင်းမအားတော့လို့ ထိုင်ချင်ထိုင်လေ မထိုင်ချင်လဲပြန်ကြ''

မေတ္တာတွေနဲ့မိုးတဲ့အိမ်Where stories live. Discover now