part6(uni/zawgyi)

100 1 0
                                    

Uni

"အဒါဘာထိုင်လုပ်နေတာလဲ ကျောင်းဆင်းတာအိမ်မပြန်ဘဲ''

"နင့်ကိုလာစောင့်နေတာ ဘယ်ကပြန်...ဟချစ်သဲသက်''

"ဘာလဲကြားတယ်တိုးတိုးပြော''

"နင်ဘာတွေလုပ်ထားတာလဲချစ်သဲသက်''

"မျက်စိကန်းနေလို့ထပ်မေးတာလား''

ဆံပင်ကယောက်ျားကေမဟုတ်မိန်းမကေမဟုတ်နဲ့မေးတာတောင်သူပြောမှကိုယ်ကဘဲကန်းလို့မေးနေသလိုဒီကလေးမကဒီလိိုကိုအချိုးပြေတာငယ်ငယ်ထဲက

"သဲသက်လေးအဆိုပိုင်ပိုင်ပြန်တော့မယ် ရှိန်လေးပိုင်ပြန်ပြီ''

"အေးအေး''

"ပိုင်ပိုင်ငါမနက်ကျထမင်းပိုထုတ်ခဲ့မယ်နော်''

အိုကေအိုကေဆိုကာလက်မနဲ့လက်ညှိုးတာဝိုင်းပြသွား၏
အခုရှင်းရမှာဒီအရှေ့ကအရှုတ်ကောင် ဘာမပြောတော့ဘဲတံခါးသာဖွင့်ပြီး အိမ်ထဲဝင်ဖို့ဘဲလုပ်တော့မည်

"ဟဲ့ပလုပ်တုတ် ဘာလုပ်တာလဲ''

အိမ်ထဲဝင်ဖို့ခြေလှမ်းအပြင်နောက်နေဂုတ်ကိုလှမ်းဆွဲလိုက်တာကြောင့် အတော်လန့်သွားရသည်

"ကျောင်းပြန်တက်ပါ''

"နင်မမြင်ဘူးလားငါ့ဝမ်းရေးတောင်မနည်းဖြေရှင်းရမှာ''

"ငါပေးမယ်ကျောင်းအတွက်လိုသာအကုန်''

"မလိုဘူး နင်ပေါနေရင်သွားလှူလိုက်''

"၁နှစ်ဘဲကျန်တော့တာလေဟာ''

"ငါ့အခြအနေကနင်တို့လိုပညာအေးဆေးထိုင်သင် စာဖြောင့်ဖြောင့်ကျက်လို့ရတဲ့ပုံစံပေါက်နေလား''

"မဟုတ်သေးဘူးလားသဲသက်ရာတက်ပါဟာ''

"ငါသူများထားသူများပေးမှရမယ့်အနေအထားမဟုတ်သေးလို့ဘယ်သူ့စီကအကူအညီမှမလိုချင်ဘူး''

"စဥ်းစားပါဦးကွာ''

"ဆယ်ခါပြန်စဥ်းစားပြီးစာအုပ်တွေကအစမီးရှို့ပြီးပြီ''

"ဟာ ''

"ပြန်တော့နင့်အိမ်''

"အေးပါဟာ တခုခုဆိုငါရှိတယ်နော်''

မေတ္တာတွေနဲ့မိုးတဲ့အိမ်Where stories live. Discover now