part2(Uni/Zawgyi)

177 3 0
                                    


အနောက်ကနေလိုက်ဝင်လာတဲ့ ရှိန်မင်းနဲ့အင်ကြင်းလည်း အန်တီပုံချစ် အလောင်းကို ရပ်ကြည့်နေတဲ့သဲသက်လေးကိုဘယ်လိုနှစ်သိမ့်ပေးရမှန်းမသိ

မိခင်တယောက်ဆုံးရှုံးတာကို မခံစားဖူးကြသူတွေမို့ မငိုပါနဲ့အားတင်းထားပြောနိုင်ရုံလောက်သာ သို့သော်လည်း ငိုခြင်းရယ်ခြင်းမရှိဘဲမျက်နှာသေနှင့်ရပ်နေတဲ့သူငယ်ချင်းကြောင့် ခြေမကိုင်မိလက်မကိုင်မိဖြစ်နေရတယ်

"ချစ်သဲသက် ငိုချင်ငိုလိုက်ငါရှိတယ်''

"ဦးစိုးထိုက် ဘယ်မှာလဲ''

"ဟမ်''

ငိုချင်ငိုလိုက်ပြောတာကို မငိုတဲ့အပြင် ပထွေးကိုမေးနေတဲ့ပုံကပင် ဘုဆတ်ဆတ်

ဘယ်လောက်အကြောတင်းလိုက်တဲ့ မိန်းကလေးလည်း

"အရက်ဆိုင်မှာတွေ့ခဲ့​တယ် မှောက်နေလောက်ပြီသဲသက်ရေ''

ဆေးလိပ်တွေနေကြာစိတွေ ဝယ်ပြီးဝင်လာတဲ့ အန်တီကြည်လင်း စကားကြောင့် သဲသက်မျက်နှာကိုရွဲ့ပြုံးပြုံးလိုက်မိတယ်

မိန်းမတယောက်လုံးဆုံးတာတောင် အရက်ဆိုင်မှာနေနိုင်သေးတဲ့လူ လေးစားထိုက်စရာဘာမှမကျန်တော့

"အန်တီကြည်လင်း လိုအပ်တဲ့ပိုက်ဆံ သဲသက်ကိုပြောပါနော်''

"ဟုတ်ပြီးသဲသက်လေး ''

"သဲသက်မှာရှိသလောက်နဲ့မလောက်ခဲ့ရင်လည်း စိုက်ရှင်းထားပေးပါဦး''

"အေးသမီးလေး''

လူကြီးတယောက်လိုပြန်ဆုံးဖြတ်နေတဲ့သူငယ်ချင်းကြောင့် အင်ကြင်းအံ့သြမိတယ် ငယ်ငယ်ထဲကအိမ်ချင်းကပ်ရပ်မို့ အမေဆူတိုင်းရိုက်တိုင်း သဲသက်လေးအိမ်ဘဲလာပြီးနေခဲ့ဆော့ခဲ့သူမို့ သမီးနဲ့သူငယ်ချင်းကိုမခွဲခြားဘဲဆက်ဆံသာမို့ အန််တီပုံချစ်အပေါ်သံယောစဥ်ကရှိတယ် သူကသာမျက်ရည်ဝဲနေတာ သမီးအရင်းကတော့ ဘယ့်နှယ့်လည်းတောင်မနေ
ကျောင်းပြန်လာကတည်းက ကူစရာရှိတာကူရင်း
လုပ်ရင်းကိုင်းရင်းညဘက်ပင်ရောက်ခဲ့ရပြီ
ငြိမ်ငြိမ်လေးနေနေတဲ့မေမေ့ကိုသဲသက်ကြည့်ရင်း

မေတ္တာတွေနဲ့မိုးတဲ့အိမ်Where stories live. Discover now