part14(uni&zawgyi)

98 1 0
                                    


Uni
ကူညီမယ်ဆိုလို့ခေါ်လာခဲ့တာ ငါ့ခရမ်းချဥ်သီးပင်ကတော့မျိုးတုန်းတော့မယ်

မေမေရှိတုန်းကဟင်းစရိတ်ချွေတာရေးအတွက်နောက်ဖေးစျေးဆိုင်တည်ထားပေးခဲ့တာသဲသက်အတွက်အတော်ပင်အဆင်ပြေလှသည်

ခရမ်းချဥ်သီး ခရမ်းသီး ငရုတ်သီး ပဲစောင်းလျားသီး
ချဥ်ပေါင်တို့ကိုရိုးအီးအောင်ပင်စားလို့ရသည်
ကံကောင်းလျှင် ရုံးပတေ​သီးပါထပ်စားရသည်

"စိမ်းသာဘဲခူး မှည့်တာကဟင်းချက်စားရမှာ''

"အာ ဆောရီး ဆောရီး''

ခြင်းထဲကခရမ်းချဥ်သီးအနီတွေကိုကြည့်ရင်းမချိသွားဖြဲပြနေရတော့တယ်

အင်ကြင်းဆီဘူးကိုင်ကြည့်တော့ ​အားနာလို့အိမ်ကိုသာပြန်ယူဖို့တွေးလိုက်သည်
ဆီဘူးယူဖို့အပြန်အပေါက်ဝမှာ
ဦးလေးစိုးထိုက်နဲ့တိုးတာမို့ဒီတိုင်းအိမ်ပြန်လာသည်သာထင်မိလိုက်တယ်

ဦးစိုးထိုက်အိမ်မပြန်လာတာတလနီးပါးရှိတော့မယ် ပြောရရင်အိမ်ကငနာမနဲ့အကြောမတည့်လို့မပြန်သာ
အခုအိမ်ပြန်လာတာလည်းအလကားမဟုတ် ဒီကလေးမအဆင်ပြေနေသည် ပိုက်ဆံရှာနိုင်သည်ကြားလို့အိမ်ပြန်လာရှာခြင်းပင် ဟိုတခါကိစ္စလည်းမကျေနပ်ပါ

"ငါးကြင်းမဆီအရင်ယူလာအရှေ့မှာရှာစားမနေနဲ့''

အိမ်ရှေ့အသံကြားတာကြောင့်ပိုင်ပိုင်အသံပြုလိုက်ခြင်းပင် သို့သော်ဘာအသံမှမပေးခဲ့တာကြောင့်လူကိုယ်တိုင်သာသွားကြည့်ဖို့တွေးလိုက်သည်

"ငထွန်းငါအိမ်ရှေ့ခနသွားကြည့်မို့ဒါထည့်ထားပေး''

"အေး''

ဘုရားပင်တမိတော့မလို့ ဦးလေးကဘာပြန်လာလုပ်တာလဲ တကယ်ပါဘဲငါစိတ်ညစ်တယ် ချက်ချင်းတွေးလိုက်မိသည့်အတွေးက မိသက်မပိုက်ဆံအဲ့နားထားပြန်ပြီလား မီးဖိုချောင်ထဲဘဲပြန်လှည့်ဝင်လိုက်သည်
မီးဖိုချောင်နဲ့အိမ်နဲ့ကကြမ်းခင်းသာခြားထားသည်မို့ အနိမ့်အမြင့်လေးဘဲကွာသည်တဆက်တည်းပင်
"ရှိန်လေးအိမ်ရှေ့ကလူတချက်ကြည့်ထား''

"ဘယ်သူလဲအင်ကြင်းမဟုတ်..ဆုံးအောင်ပြောသွားလေ''

သရဲဘဲတွေ့လာသလိုသူခိုးဘဲတက်လာသလိုနဲ့ရေးကြီးတုပ်ပြာနောက်ဖေးဘက်ပြေးဆင်းသွားလေရဲ့တားဖို့ပင်မမှီ

မေတ္တာတွေနဲ့မိုးတဲ့အိမ်Where stories live. Discover now