Uniအန်တီပုံချစ်နာရေးထဲက သဲသက်ကကျောင်းမလာတာမို့ အင်းကြင်းကိုဝင်ဝင်ခေါ်ပေးရတာကမောင်ထွန်း အတွက်အလုပ်တခုလိုပင်ဖြစ်နေ၏
ထွန်းလင်းအောင် အင်ကြင်းကိုဝင်ခေါ်ရင်း ချစ်သဲသက်ကိုပါ ခေါ်မို့လှမ်းကြည့်တော့ အိမ်ရှေ့ငုတ်တုပ်ထိုင်ပြီး ကျောင်းသွားနေတဲ့လူတွေကိုထိုင်ကြည့်နေတာကြောင့်"ချစ်သဲသက် ကျောင်းမသွားသေးဘူးလား''
"ဟင့်အင်းမသွားဘူး''
"အိုကေ''
"မောင်ထွန်းသွားမယ်''
"အေးလာလာမယ်တော်''
"သဲသက်ရေ မေကြီးကထမင်းလာစားပါ ဝက်သားနှပ်ထားတယ်တဲ့''
"အင်း''
မလာတော့ဘူးပြောလို့ တီခိုင်ကြားရင်ဆူနေကြမို့ လက်ခံကြောင်းသာအမြဲပြောပြီး ၁၀ခါ၁ခါပင်သွားမစားမိ
အိမ်ရှေ့မှာဘယ်လောက်ကြာကြာထိုင်လဲမသိ အဖြူအစိမ်းနဲ့ကျောင်းသားများပင်ထပ်မမြင်ရတော့
ထိုခါမှသဲသက်အိပ်ရာခေါင်းရင်းစာအုပ်တွေရယ် တိုင်မှာချိတ်ထားတဲ့လွယ်အိတ်အဟောင်းကို ယူပြီးပြန်ငိုင်နေသည်မှာနာရီဝက်ပင်မကနိုင်
'ချစ်သဲသက် နင်အသိစိတ်ဝင်စမ်းပါ ဒါကိုနင်တက်နိုင်တော့မှာမှမဟုတ်တာ ဘာတွေ တွေဝေနေတာလဲ'
အမည်မတပ်နိုင်တဲ့အပြုံးလေးတခုပြုံးပြီး ကိုင်ထားတဲ့လွယ်အိတ်နဲ့စာအုပ်တွေကိုမီးရှို့ထားကာ ပြုံးလေတာလားငိုနေတာလားမသေချာမျက်ရည်ကျပြီးရယ်နေရတယ်
ခါးထိရှည်တဲ့ဆံပင်ကိုလဲ စုကိုင်ကာဂုတ်ပင်မကျန်အောင်ညှပ်ပစ်လိုက်သည် ဒါတွေသည်ကံကြမ္မာနဲ့လောကဒဏ်ကပေးတဲ့လက်ဆောင်တွေပေါ့
ဘုန်းရှိန်မင်းနဲ့သီဟကျောင်းကအပြန် ချစ်သဲသက်အိမ်ကိုဝင်တော့ တံခါးပိတ်ထားလေရဲ့
"ငရှိန် လူမရှိဘူးထင်တယ်''
"ခေါ်ကြည့်ရအောင်ကွာ''
"တံခါးကြီးပိတ်ထားတာကို''
"ငါစောင့်လိုက်မယ်''
"အေးအေးငါပြန်နှင့်မယ်ဖားသားကြီးကိုလယ်ထဲသွားကူပေးရမှာမို့''
"အွမ်း''
Zawgyi
"ဟင့်အင်းမသွားဘူး''
"အိုကေ''
"မောင်ထွန်းသွားမယ်''
"အေးလာလာမယ်တော်''
"အင်း''
"ခေါ်ကြည့်ရအောင်ကွာ''
"ငါစောင့်လိုက်မယ်''
"အွမ်း''
YOU ARE READING
မေတ္တာတွေနဲ့မိုးတဲ့အိမ်
Romanceကိုယ်တကယ်ပင်ပန်းနေတဲ့အချိန် လွတ်မချပေးခဲ့တဲ့လက်တစ်စုံကိုတော့လူတိုင်းတန်ဖိုးထားမိမှာဘဲ