part13(uni&zawgyi)

81 2 0
                                    

"နေပူလိုက်တာ''

"ညည်းမနေနဲ့မြန်မြန်လုပ် ၁၁ထိုးတော့မှာ''

"အခုထိ၄ဘောင်ဘဲပြီးသေးတယ်''

"၂၀၀၀လဲပိုက်ဆံဘဲအမြန်လုပ်''

"ခေါင်းတောင်ကိုက်လာသလိုဘဲ''

"ရတယ်နေမပူဘူးမဆောင်းဘူးလုပ်ချင်ဦး ရော့အင်္ကျီကိုခေါင်းပေါင်းလိုက်''

"သဲသက်လေးကိုအာ့မို့ချစ်နေရတာ''

"လုပ်လုပ်မြန်မြန်''

စပါးပျိုးပင်တွေကြားထဲကမြက်တွေနုတ်ရတာလေ လက်ကလဲရှလိုက်တာမပြောနဲ့ နေကပူသေးယားကယားသေး ပဲပင်နုတ်ရတာနဲ့ပင်မထူးမခြားပင်
ထို့ကြောင့်ပေါင်းရှင်းကြလျှင် ၁၁ထိုးဆိုနားကြပြီး
နောက်နေ့မနက်၅နာ​ရီခွဲကနေ၁၁ထိပြန်လုပ်ကြသည်
ပိုက်ဆံကတော့ကိုယ်လုပ်နိုင်တဲ့အပေါ်မှာသာမူတည်ပြီးရသည် ပိုပြီးတော့လည်းမရပေ မလုပ်နိုင်ရင်လည်းမရပေ

(ပျိုးရှင်းတယ်ဆိုတာကလေ လယ်ကွင်းထဲစိုက်ပြီးသားစပါးပင်တွေကြား မြက်နဲ့အခြားပေါင်းပင်တွေလိုက်နုတ်ရတာပါနော် စပါးအထွက်ကောင်းအောင်ပါရှင့် တချို့လည်းမလုပ်ကြဘူးတချို့လယ်တွေတော့အလိုနည်းသုံးကြပါတယ်ရှင့်)

"ငရှိန်ချစ်သဲသက်အိမ်သွားလည်ရအောင်ညီ''
"ဘာလို့လဲ''

'ဒီတိုင်းအလည်ပေါ့'

ဂုတ်ကိုပွတ်ရင်းလူမိသွားမလားလည်းကြောက်ရသေး
သူများကိုကြောက်တာထက်မိစွာတေးကိုကြောက်ရတာအဆော်ဘဲခံရမလားမောင်းဘဲထုတ်ခံရမှာလားဘဲ

"ဘုန်းရှိန်မင်းညနေသဲသက်စီဝင်လာခဲ့အားရင်''

"နင်ကရောဘာဖြစ်လို့''

"လက်ဖက်သွားသုတ်စားရအောင် ဘာယူလာမှာလဲ''

"ဆီနဲ့အကြော်စံယူလာမယ်''

"အေးအဆိုငါတို့ကျန်တာယူခဲ့မယ်''

"ဟိုဟာလေအကိုကအကြော်ဝယ်လာခဲ့မယ်သိလား''

"အိုကေ အိုကေ အကုန််ပြီးမှလာကြနော်သဲသက်စိတ်တိုနေမယ်''

"အဲ့တယောက်ကိုအမေထက်ကြောက်ရတယ်''

မေတ္တာတွေနဲ့မိုးတဲ့အိမ်Where stories live. Discover now