part16

211 2 0
                                    

အပိုင်း၁၆

အော်အီးအီးအွတ်
မနက်၂ချက်ထိုးလင်းကြက်တွန်သံနဲ့အတူ မျက်လုံးတစုံဟာဖွင့်လာခဲ့သည်

သာယာလိုက်တဲ့နေ့လေးပါလား

ဒီနေ့မေမေရဲ့၃ နှစ်ပြည့်လေးပေါ့  ဆွမ်းချက်ပေးရန်သဲသက်ပိုက်ဆံစုထားခဲ့သည်

မေမေရေကောင်းရာဘုံဘဝရောက်ပါစေနော် အကယ်၍ပြန်ဆုံဖြစ်ခဲ့ရင်မေမေ့သမီးထပ်လုပ်ချင်သေးတယ် မေမေလူဝင်စားခဲ့ရင်ဒီဘဝလိုပင်ပန်းတဲ့ဘဝမဖြစ်ပါစေနဲ့နော်မေမေ့အတွက်ဆုတောင်းပေးတယ်သိလား

ဝက်သားနဲ့အာလူးလေးကိုဆီပြန်ချက် ကန်စွန်းရွက်အချဥ်ရည်လေးရယ် ဥနီနဲ့မုန်လာထုပ် အစိမ်းကြော်လေးရယ်ချက်ကာ​ ရေမိုးချိုးပြင်ဆင်ပြီးသည်နှင့်မနက်ဘုန်းပေးအမှီရွာဦးဘုန်းကြီးကျောင်းကိုဆွမ်းပို့ခဲ့သည်

ဒီတနေ့တော့သဲသက်အလုပ်နားမည် မေမေ့ကိုအဖော်ပြုပေးဖို့ရန်အတွက်

မနက်စာစား အိမ်သန့်ရှင်းရေးလုပ်ကာ မေမေကြိုက်တဲ့သစ်တော်သီးယူပြီး မေမေအနားယူတဲ့မေမေ့အိမ်အသစ်စီသဲသက် လေးပင်တဲ့ခြေလှမ်းတွေနဲ့လျှောက်ခဲ့သည်
လွန်ခဲ့တဲ့နှစ်ကမှရှိစုမဲ့စုနဲ့လုပ်ပေးထားတဲ့မေမေ့အုတ်ဂူလေးကပင်အရောင်ဖျော့ပြီးဝမ်းနည်းနေသယောင်

တွယ်ငြိနေတဲ့နွယ်ပင်တွေကိုဆွဲချ တက်နေတဲ့ဖုန်မှုန့်တွေကိုခါကျင်းပြီးမေမေ့အတွက်ယူလာတဲ့အသီးကိုခွဲကာသဲသက်တဝက်မေမေတဝက်ပေါ့

'အချိန်တွေကုန်မြန်လိုက်သာမေမေရယ်နော် ဘာလိုလိုနဲ့သဲသက်တောင်အသက်၂၀ ပြည့်တော့မယ်မေမေရဲ့ လူကြီးပေါက်စလေးတောင်ဖြစ်နေပြီ သဲသက်လေမငိုဘူးသိလားမေမေ့သမီးတော်တယ်မို့လား မျက်ရည်ကျတာကဘဝကိုအရှုံးပေးတာတဲ့မေမေပြောဖူးတဲ့စကားကြောင့်သဲသက်သန်မာတယ်နော်မေမေ'

ထိုအချိန်တိုက်ခတ်လာတဲ့လေစိမ်းတချို့ကလည်းသဲသက်ပြောတာထောက်ခံနေကြဟန်ပင်

ဟူးး

'တခါတလေကြတော့လည်းလေ မေမေ့သမီးကအသက်ပါမရှင်ချင်အောင်ပင်ပန်းလွန်းတယ်မေမေရယ် ပထွေးကစိတ်ဒုက္ခတမျိုးပေး အလုပ်ကပင်ပန်းနဲ့မေမေရယ် မေမေ့သမီးသိပ်အထီးကျန်တာပါဘဲ'

Has llegado al final de las partes publicadas.

⏰ Última actualización: Nov 06, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

မေတ္တာတွေနဲ့မိုးတဲ့အိမ်Donde viven las historias. Descúbrelo ahora