part12(uni&zawgyi)

78 1 0
                                    

Unicode

"ချစ်သဲသက်ညည်းလက်သန်ပြောင်လှချည်လား''

"ဘာလဲ''

"ကွဲသွားတာလားယဖ''

"အဒါသူ့ဘာသာဆောင့်မိတာလေ''

"ညည်းလက်ချက်မဟုတ်ဘူးလား''

"မဟုတ်ပါဘူးငါထတာဆောင့်မိတာဘုရားစင်နဲ့''

"အခုမှငါဆော်လိုက်ရ''

"ချစ်သဲသက်ငါနဲ့တပွဲတလမ်းလောက်နွဲ့ချင်နေတာလား''

"ကဲပိုင်ပိုင်ရယ်တော်ပါတော့''

"ငါ့ရှိန်းလေးတားလို့ညည်းခံသာတယ်မှတ်''

"အမလေးကြောက်လိုက်တာမောင်ထွန်းရယ်ကယ်ပါဦး''

"နင့်ကိုငါလဲကြောက်တယ်လစ်''

ပုခုံးတွန့်ပြီးထွန်းလင်းအောင်အင်္ကျီစလိုက်ဆွဲနေပုံလေးကချစ်စရာလေးပါဗျာ

"ကျွန်တော်ကာကွယ်မယ်လေ''

အသံကြားမှဒီလူဘယ်လိုလုပ်ငါ့ခြံထဲရောက်နေရတာလဲ

"ဘယ်သူလဲ''

"အေးမေ့နေတာ အဒါကိုသီဟတဲ့ငါတို့ထက်၄နှစ်လောက်တော့ကြီးမယ်ထင်တယ်''

"ပိုင်ပိုင်တနေရာမှာမြင်ဖူးနေသလားလို့''

ကပ်ပြောနေတဲ့ပုံလေးကအူယားစရာ ဒီကလေးမ စွာသာစွာသာဒီလိုကျကလေးလေးလိုဘဲ

"ဘာတွေအတင်းတုပ်နေတာလဲကြားရတယ်နော်''

ဟုတ်တယ် အဲ့ဒီမျက်စောင်း စတွေ့တုန်းကခံစားချက်အတိုင်းဘဲ

"ဒေါ်အေးမြင့်သားလေဟယ်မြင်ဖူးမှာပေါ့ငါတို့ဟိုတခါစပါးစိုက်ဆင်းတဲ့လယ်ရှင်သား''

'​သြော်'

"ငါ့ကိုကျပစ်ထားကြတယ်ပေါ့လေ''

'အာရိုးအချစ်ကလေးကိုလွမ်းနေတာ''

"မောင်ပိုင်ငါနဲ့ရန်သူဖြစ်ချင်နေတာ''

"ငါသိနေတယ်နော်မောင်ထွန်းနဲ့အင်ကြင်းမ''

"ငါအထီးကျန်လိုက်တာသဲသက်လေးရယ်ဝိုင်းအနိုင်ကျင့်နေတယ်''

"အင်ကြင်းကစာကျက်မလို့ဆို''

"နင်တို့ကဆူညံနေတာကို''

မေတ္တာတွေနဲ့မိုးတဲ့အိမ်Where stories live. Discover now