part10(uni/zawgyi)

89 2 0
                                    

Uni

"အဲ့ဒီဝါးရင်းတုတ်ကြီးကရောဟဲ့''

အိမ်ပေါ်ကနေဆင်းပြီးခြံဝနားကဝါးရင်းတုတ်ပါယူနေပြန်သည်မို့ ပိုင်ပိုင်အလန့်တကြားအော်မေးရင်းပြေးလိုက်ရပါတော့သည်

"လူရိုက်ဖို့''

"ဟာ သဲသက်ဟဲ့နေဦးလေငါလိုက်မယ်လို့''

ပြေးလိုက်တာပင်လိုက်မမှီချင် လူကောင်ကသာသေးတာဇကတော့မသေးဘူး

"ဟာဘယ်ကောင်လဲလွတ်ဟိုမှာသေနိုင်တယ်''

"ဘာဖြစ်နေတာလဲနင်နဲ့ချစ်သဲသက်အပြေးပြိုင်နေကြတာလား''

"အေးအဲ့ဒီသဲသက်မနောက်ကိုလိုက် ဦးစိုးထိုက်ကြီးကိုရိုက်မလို့တဲ့''

ဘုန်းရှိန်မင်းနဲ့ထွန်းလင်းအောင်ခေါင်းနပန်းပင်ကြီးချင်သွားသည်

ကိုယ်ကတွေးတုန်းဟိုဆရာသမားကပြေးလိုက်သွားလေရဲ့ ချစ်သဲသက်လက်သန်ပြောင်တာသိနေတာမို့
တဖက်လူအတွက်သာဆုတောင်းပေးရတော့မည်

ခွမ်းးး
ဦးစိုးထိုက်တို့ ထိုင်နေတဲ့စားပွဲဝိုင်းကန်ခံလိုက်ရတာမို့ အရက်ပုလင်းနဲ့ခွက်များကွဲကျကုန်၏

"ဟာ ဘယ်မိမဆုံးမဖမဆုံးမလဲကွာ''

"ဦးစိုးထိုက် ခဗျားမျက်လုံးကိုသေချာဖွင့်ကြည့်စမ်း''

တုတ်နဲ့ခေါင်းကိုအထိုးခံနေသည်မို့အမူးပင်ပြေချင်လာသည်

"ဘယ်မှာလဲငါ့ပိုက်ဆံ၁၀၀၀၀''

"ငါယူလိုက်တာလေ ဘာဖြစ်လဲဘာနေနေငါကအုပ်ထိန်းသူဘဲအေ့စ်''

"ဘာကျေးဇူးရှိလို့လဲခဗျားက''

'ချစ်သဲသက်မင်မိန်းကလေးတန်မဲ့ရိုင်းလှချည်လား''

တဝိုင်းထဲထိုင်နေသည့်ထဲမှ ကိုဝေကြီးဆိုသည့်အရပ်ပုပုခပ်ဝဝအမျိုးသားစီမှအသံထွက်လာရသည်

"ခဗျားနဲ့မဆိုင်ရင်ပါးစပ်ပိတ်နေ''

"ငါဒီကောင်မ''

အရက်ကလေးကအရှိန်ရနေကြပြီမို့အာလေးလျှာလေးနဲ့လက်ရွယ်လာသည်

"ဟယ်သဲသက်မလုပ်နဲ့''

"အားး ငါ့ခေါင်း''

ဘုန်းရှိန်မင်းနဲ့ပိုင်ပိုင်ဆိုင်ဝအရောက်မြင်လိုက်ရသည်ကခပ်ပြုံးပြုံးနဲ့ရိုက်လိုက်တဲ့သူရယ် တဖက်ကခံလိုက်ရသူကဦးစိုးထိုက်မဟုတ်ဘဲကိုဝေကြီးဆိုသည့်သူပင်

မေတ္တာတွေနဲ့မိုးတဲ့အိမ်Where stories live. Discover now