မိတ်ဆက်

13.6K 507 1
                                    

• Title : 顶级诱捕公式

• English Title : Top-Tier Seducing Formula

• Physical Book Title : 默契公式

• Author : Pine Nut Tea - 松子茶

__________________________________

Unicode

လင်းယို့သည်ဆယ့်ခုနစ်နှစ်တိုင်တိုင် Beta အဖြစ်နေထိုင်ခဲ့ပြီးနောက် ၊ တစ်ရက်တွင် Omega အဖြစ်လိင်ခွဲခြားပြောင်းလဲသွား၏။ ယင်းမှာ Alpha တို့ကိုပင်ဆွဲဆောင်ခံရမှုသက်ရောက်မှုပြင်းစေသည့် ရှားပါးလှသောသွေးဆောင်ဖြားယောင်းနိုင်မှုဖယ်ရိုမုန်းနှင့်အတူဖြစ်သည်။ ထိုအကြမ်းပတမ်းသမားကိုမကြိုက်ပါဟုဟစ်အော်နေကြသည့် Alpha များသည်ပင်လင်းယို့ကိုရှက်သွေးဖြာစွာရင်ခုန်လျက်ကြည့်လာကြပြီး ၊ ထိုသူ၏အသားအရေမှာအလွန်ကောင်းမွန်ဖြူသန့်လှကာမျက်နှာအသွင်မှာလည်းလှပလွန်းလှသည်ဟုထင်မြင်လာကြချေတော့၏။

ထို A အုပ်စုကြီးကိုရင်ဆိုင်ကြုံတွေ့ရသည့်အခါလင်းယို့သည်ဘယ်ညာအစုံကိုကြည့်လျက် သူ၏ Beta သူငယ်ချင်းကောင်းဖြစ်သူလုချင်းယန်ကသာယုံကြည်ဖွယ်ရှိပြီး ၊ ထိုသူသည်ဖယ်ရိုမုန်းထံမှလှည့်စားသက်ရောက်ခံရခြင်းရှိမည်မဟုတ်ဟုခံစားလိုက်ရသည်။ သို့နှင့်သူသည်လုချင်းယန်အပေါ်အေးချမ်းသာယာခြင်းအပြည့်နှင့်မှီတည်နေလျက်ပိုမိုကပ်တွယ်လာမိ၏။ လင်းယို့၏ထိုယုံကြည်မှုအပြည့်မျက်ဝန်းတို့နှင့်ရင်ဆိုင်ရလေရာလုချင်းယန်မှာ သူ၏နှလုံးသားထက်ကွယ်ဝှက်ထားခဲ့သောဆန္ဒကိုတိတ်တဆိတ်မျိုချထားမိရသည် —— စင်စစ်တွင်သူသည်လည်းလင်ယို့၏ဖယ်ရိုမုန်းရနံ့မှာအလွန်ကောင်းမွန်းလှသည်ဟုခံစားရပြီး ၊ ယင်းမှာသူ့အားလွှမ်းမိုးမှုပြင်းသည့်ပိုက်ကွန်တစ်ခုနှယ်ဖြားယောင်းဖမ်းချုပ်ထားလေလျက်။

နှစ်လအကြာ၌လုချင်းယန်သည်လည်းလိင်ခွဲခြားပြောင်းလဲသွားပြီး ၊ အဆင့်မြင့်ဖယ်ရိုမုန်းနှင့် Alpha တစ်ယောက်ဖြစ်လာပေ၏။ ... ထို့နောက်လအနည်းငယ်ကြာပြီးသည့်နောက်တွင်လင်းယို့သည်ထိုသူထံမှအမှတ်အသားပေးခံလိုက်ရလေသည်။
လင်းယို့ ( လူကိုလှမ်းကုတ်ရန်လက်သည်းများဆန့်ထွက်လာလျက် ) : "  ... မင်းဒီလူညာ!"

ထိပ်တန်းဖြားယောင်းမှုနည်းလမ်းသွယ် || ဘာသာပြန်Where stories live. Discover now