တစ္(U+Z)

4.2K 187 21
                                    

Unicode

ကားလမ်းမပေါ်မှ ပြတ်တောက်သွားခြင်းမရှိပဲ တစ်စီးပြီးတစ်စီးရွေ့လျားနေတဲ့ ကားရောင်စုံတွေကို မှန်ချပ်တွေမှတဆင့်ကြည့်မိချိန်၌ မျက်စိပင်ရှုပ်သွားရသည်။
ဒီဇိုင်းတစ်ခုကို အသေအချာဆွဲနေသည်မို့ အာရုံတွေဟာ မည်သည့်အရာကိုမှ သက်ရောက်သွားလို့မဖြစ်။
အဆုံးသတ်ထိမရောက်သေးသည့် ဒီဇိုင်းကိုကြည့်ကာ မောင်သဘောကျစွာပြုံးမိသည်။အာရုံတွေမထွေပြားအောင်စုစည်းထားသော်ငြား မျက်ဝန်းတွေက ကားလမ်းမကို တစ်ချက်မျှကြည့်မိသော်လည်း အကြည့်လွှဲလို့မရနိုင်အောင် တိုးဝင်လာသည့် ပုံရိပ်တစ်ခုကြောင့် အကြည့်တွေကို မခွာဖြစ်တော့ပေ။

ကားတစ်စီး...။အသေအချာပြောရရင် Honda Fitကားအဖြူလေးတစ်စီးက ဆိုင်ရှေ့၌ရပ်တန့်သွားသည်။ကားတံခါးပွင့်သည်နဲ့ ဦးစွာ မြင်လိုက်ရသည့် ခြေအစုံ။အနီရောင် ဒေါက်ဖိနပ်နဲ့ ပနံသင့်နေသည့် ခြေဖဝါးဖြူဖြူကို အထင်းသားမြင်နေရသည်။ကားတံခါးအဆုံးထိ ဖွင့်ကာမှ မြင်လိုက်ရသည့် အမျိုးသမီးအလှကြောင့် မှင်သက်သွားမိသည်။

မျက်နှာသွယ်သွယ်ထက်၌ မျက်ဝန်းအစုံက ဝိုင်းစက်စွာ နေရာယူနေသည်။မျက်ခုံးမွှေးတွေက မထူသော်လည်း ပါးလှပ်ခြင်းမျိုးတော့မဟုတ်ပေ။ဆင်းနေတဲ့ နှာတံလေးက မျက်နှာ၌ အထင်ရှားဆုံးဖြစ်လိမ့်မည်။မေးစေ့သွယ်သွယ်ရဲ့ ဘယ်ဘက်ဘေး၌ မှဲ့နက်လေးက ခပ်ရေးရေးရှိသည်ကို မောင်မြင်ရလေသည်။

သေးသွယ်သည့်ခန္ဓာကိုယ်၌ နီညိုရောင်မြန်မာဝမ်းဆက်က ကိုယ်အတိမို့ ခန္ဓာကောက်ကြောင်းကို ပိုပေါ်လွင်နေသည်။
အမျိုးသမီးတစ်ယောက်...။အခုမှတွေ့တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အလှကို တစိမ့်စိမ့်ကြည့်ကာ စာစီနေမိတဲ့ မောင့်အဖြစ်က ရယ်စရာကောင်းနေမလား။

သူစိမ်းအမျိုးသမီးတစ်ယောက်ပေါ်ကို သက်ရောက်နေတဲ့အကြည့်တွေကို ဖယ်ခွာကာ စားပွဲပေါ်က စာရွက်ဆီကိုသာ ပြန်လည်ဦးတည်မိသော်လည်း စိတ်ကမပါပေ။
အဘယ်ကြောင့်လဲ။ခဏကတွေ့လိုက်တဲ့ အမျိုးသမီးကြောင့်လား။မဆီမဆိုင်မေးခွန်းတွေမေးနေမိသော်လည်း သေချာသည့် အဖြေဟာ ထွက်မလာခဲ့။မနေနိုင်သည့်အဆုံး မျက်လုံးတွေကို အပြင်ကိုဝေ့မိတော့ ခဏတော့ အမျိုးသမီးဟာ မရှိတော့။ဘယ်ကိုရောက်သွားသလဲဆိုတာ မောင်မသိ။

"ေမာင့္ၾကင္နာသူ"(Ongoing)Hikayelerin yaşadığı yer. Şimdi keşfedin