တစ္ဆယ္(U+Z)

752 65 6
                                    

ဆိုင်ရှေ့အရောက် "Purple"ဆိုတဲ့စာလုံးလေးတွေကို မော့ကြည့်ကာ နုက သဘောကျစွာ ပြုံးလေသည်။ဒီအပြုံးတွေဟာ မောင်ငေးလို့မဝတဲ့ အပြုံးလေးတွေပင်။

"အန်တီ့အပြုံးက မောင့်ရင်ကို တကယ်အေးစေတယ်သိလား"

"အပိုတွေ။တို့ဘာလို့ပြုံးတယ်ဆိုတာရောသိလို့လား"

"ဟင့်အင်း"

"ဒီဆိုင်ကလေးမှာပဲ တို့တွေဆုံခဲ့ကြတာ ခဏလေးပဲ။ဒါပေမယ့် ရင်ထဲက အချစ်တွေကြောင့် တစ်သက်တာလုံးလက်တွဲခွင့်ရလို့ ပျော်နေမိတာ။ဒီဆိုင်လေးက တို့တွေရဲ့အမှတ်တရအဖြစ်ဆုံးလေမောင်ရဲ့။ဒီဆိုင်လေးဆီကို ဦးတည်ခဲ့တဲ့ တို့ကိုယ်တို့လည်းကျေးဇူးတင်သလို၊တို့ကိုချစ်ပေးတဲ့မောင့်ကိုလည်း သိပ်ကျေးဇူးတင်ပါပဲ"

"မောင်ကအန်တီ့ကိုပိုကျေးဇူးတင်တယ်။မောင့်ကို ချစ်ပေးလို့၊ဂရုစိုက်ပေးလို့လေ"

"တို့က မောင့်ကိုချစ်လို့ပေါ့။လာပါ အထဲဝင်ရအောင်။
နေတအားပူတယ်"

      နုလက်ကိုဆွဲကာ ဆိုင်ထဲဝင်လာသည့် မောင့်မျက်နှာကို သင်တန်းသူတွေ၊ဝန်ထမ်းတွေငေးနေတာ မိနစ်တစ်ခုအထိပင်။

"အန်တီရောလိုက်လာတာလား"

"ဟုတ်တယ်ကွယ်။မင်းတို့ရဲ့ဒီဇိုင်နာကြီးက လိုက်ခဲ့ပါဆိုလို့လေ"

      ဆိုင်ကဝန်ထမ်းတွေနဲ့ပါမက သင်တန်းသူတွေနဲ့ပါ အနည်းငယ်မျှခင်လေသည်။အစပိုင်းမှာ နုကို ကြောက်ရွံ့ကြသော်လည်း နောက်ပိုင်းတော့ ခင်မင်သွားသည်မို့ ကြောက်ရွံ့စိတ်မရှိတော့ပေ။

"မမနဲ့အန်တီ့အတွက် ကော်ဖီဖျော်ခဲ့ရမလား။အအေးဖျော်ခဲ့ရမလား"

"နေပါကွယ်။လုပ်စရာရှိတာသာ လုပ်ကြနော်"

      နုစကားပြောပုံကိုကြည့်ပြီး မောင်ကတော့ သဘောကျစွာပြုံးနေလေသည်။မောင်ရဲ့ကိုယ်ပိုင်အခန်းလေးထဲကို ရောက်တော့ နုစိတ်ထဲ အေးချမ်းသွားသလို။

စင်ပေါ်မှာ ဒီဇိုင်းစာအုပ်လေးကို အစီအရီတင်ထားပုံက သပ်ရပ်လွန်းသလို မျက်စိလည်း ရှင်းစေသည်။စားပွဲပေါ်၌လည်း စာအုပ်လေးတွေကို ထပ်ထားသေးသည်။
မောင့်ရဲ့ဒီဇိုင်းစာအုပ်လေးတွေရှိသည့် နေရာ၌ နုခြေလှမ်းတွေ ရစ်ဝဲနေလေသည်။

"ေမာင့္ၾကင္နာသူ"(Ongoing)Where stories live. Discover now