နှစ်(U+Z)

1.5K 158 15
                                    

Unicode

    ငွေရတုနှစ်ပတ်လည်ပြည့်တော့မည့် မြို့တော်ဆေးရုံ၌ ဆေးရုံအုပ်ကအစ အောက်ခြေသိမ်းကအဆုံး အလုပ်ကိုယ်စီနဲ့ ရှုပ်နေလေသည်။လူနာတွေကို လှည့်ပတ်ကြည့်ရှုပြီးပြန်လာတဲ့ နုပုံစံက ရိုးယဉ်ကာ နန်းဆန်လွန်းသည်။ခဲရောင်မြန်မာဝမ်းဆက်သည် အသားဖြူသည့် နုနဲ့ အပြစ်ပင်ဆိုစရာမရှိ လိုက်ဖက်လွန်းနေသည်။ကျောလယ်မျှသာ ရှိတဲ့ ဆံနွယ်နက်နက်တွေသည် ထုံးဖွဲ့ခြင်းကို ခံရလေသည်။

အဖြူရောင်ကြွေပြားချပ်တွေ၌ စိမ်းရင့်ရောင် ဒေါက်ဖိနပ်နဲ့ ဆန့်ကျင်ဘက်ဆန်လွန်းသော်လည်း လိုက်ဖက်မှုတော့ရှိသည်။
ဂျူတီကုတ်အဖြူရောင်ထဲမှ ဖုန်းသံစဉ်ကြောင့် နုခြေလှမ်းတွေ သိသိသာသာ ရပ်တန့်သွားသည်။မှန်ပြင်ပေါ်မှာ ပေါ်နေသည့် နံပါတ်တွေဟာ နုအတွက် စိမ်းသက်နေသည်။

"ဟယ်လို ဒေါက်တာခရမ်းနုကြွယ်ပါ"

"ဟို အန်တီ မောင်ပါ"

"မောင်."
   
      နုနှုတ်ဖျားမှ အမှတ်တမဲ့ ရွတ်လိုက်သည့်နာမ်စားက တစ်ဖက်ရှိမောင့်နှုတ်ခမ်းပါးတွေကို ကွေးညွတ်စေသည်။

"ကြင်နာမောင်မဟုတ်လား"

"ဟုတ်ပါတယ်။မောင်ပါ အန်တီ"

"ကိစ္စရှိလို့လား။တို့ဖုန်းနံပါတ်ကရော ဘယ်ကရသလဲ။တို့မပေးမိဘူး ထင်တာပဲ"

"မောင်လိုအပ်လို့စုံစမ်းလိုက်တာပါ။ဝတ်စုံကလေ ခရမ်းနုရောင်ကို ခဲရောင်နဲ့စပ်ဦးမလို့လေ။အဲ့ဒါအဆင်ပြေလား အန်တီ"

"မင်းကဒီဇိုင်နာပဲ။မင်းအဆင်ပြေမယ်ထင်လို့လုပ်တာပဲ။အဆင်ပြေပါတယ်"

"ဟုတ်ကဲ့။အဲ့ဒါဆို ဒါပဲနော်အန်တီ"

"ဟုတ်ပြီ"

       စကားလုံးနှစ်လုံးနဲ့သာ လူနှစ်ဦးရဲ့စကားဝိုင်းကအဆုံးသတ်သွားလေသည်။နုကလှသည်။နုအလှက မြန်မာဆန်သလို မြန်မာဝတ်စုံတွေဝတ်ရင်တော့ ကျက်သရေရှိကာ မြင်သည့်အတိုင်း လည်ပြန်လှည့်ပြီးငေးရလောက်သည်အထိ လှသည်။ ဖုန်းကိုအကျီင်္အိတ်ကပ်ထဲပြန်ထည့်ပြီး ကျော့မော့ကာ လျှောက်လှမ်းနေသည့် နုပုံစံက လူတကာ ငေးကြည့်ချင်စရာပင်။
ဖုန်းကျသွားသည်နဲ့တစ်ဖက်ရှိမောင့်မျက်နှာ၌ ဖြေရှင်းချက်မရှိဘဲ အပြုံးတွေဝေဆာနေတော့မည်။

"ေမာင့္ၾကင္နာသူ"(Ongoing)Where stories live. Discover now