ငါး(U+Z)

1.3K 102 3
                                    

Unicode

      သိန်းထောင်ချီတန်သည့် ဇိမ်ခံကား အနက်ရောင်ကားပေါ်မှ ဆင်းလာသည့် အမျိုးသမီးရဲ့ ဟန်ပန်က သက်ရှိ၊သက်မဲ့မှန်သမျှကို စိုးမိုးနိုင်စွမ်းအပြည့်။အနီရင့်ရောင် ကိုယ်ကြပ်ဂါဝန်က ပိန်သွယ်သည့် သူ့ခန္ဓာကိုယ်နဲ့ အံဝင်ခွင်ကျလိုက်ဖက်စွာပင်။

"ဘာများအလိုရှိပါသလဲ"

      ဆိုင်ထဲဝင်လိုက်တော့ ဝန်ထမ်းတွေသည် အပြုံးနဲ့နှုတ်ဆက်သော်လည်း သူမမျက်နှာကတော့ ပြုံးရယ်ခြင်းကင်းမဲ့နေသည်။

"ဒီဇိုင်နာကြင်နာမောင်နဲ့တွေ့ချင်လို့"

"ဟုတ်ကဲ့။ခဏလေးထိုင်စောင့်ပါဦးနော်"

      ဝန်ထမ်းကောင်မလေးညွှန်တဲ့ ဧည့်ခန်းမှာ ထိုင်နေသည့် သူမရဲ့မျက်လုံးတွေက ဆိုင်အတွင်းကို ဝေ့ဝဲနေလေသည်။

"ကျွန်မနဲ့တွေ့ချင်တာ ကိစ္စရှိလို့လားရှင့်"

     ထိုအမျိုးသမီးရဲ့အရှေ့က ခုံမှာ ဝင်ထိုင်သည့် မောင့်မျက်နှာ၌ အပြုံးစလေးတွေ ရှိနေသည်။အရှေ့ရှိ အမျိုးသမီးသည် နှုတ်ခမ်းပါးတွေကို တွန့်ရုံမျှသာ ပြုံးလေသည်။

"အင်းဟုတ်ပါတယ်။တို့နာမည်က အဉ္ဇလီမော်ပါ။Silver cosmetics company ရဲ့ပိုင်ရှင်ပါ"

      ခဏကထိ တင်းမာနေတဲ့ မော့်မျက်နှာသည် မောင့်ရှေ့၌ ထိုသို့မဟုတ်ပဲ ဖော်ရွေနေသည်။ချိုသာနေလေသည်။

"ဟုတ်ကဲ့"

"တို့ကုန်ပစ္စည်းကို မော်ဒယ်တွေနဲ့ကြော်ငြာဖို့စီစဉ်ထားတယ်။အဲ့ဒါ မော်ဒယ်တွေအတွက် မောင့်ကို ဒီဇိုင်နာငှားချင်လို့ပါ"

     မောင်...။ဒီနာမ်စားကို နုခေါ်တာကလွဲ၍ တစ်ခြားဘယ်သူခေါ်တာကိုမှ မောင်မကြိုက်ပေ။စိတ်ထဲ၌လည်း သဘောမကျသည်မို့ တစ်မျိုးဖြစ်ရသည်။

"ဟုတ်ကဲ့။တစ်ခုလောက်တော့ကြိုပြောပါရစေ။ကျွန်မနာမည်ကို 'မောင်'လို့မခေါ်ဖို့ မေတ္တာရပ်ခံပါရစေ။အဲ့ဒီနာမ်စားက ကျွန်မအမျိုးသမီးတစ်ယောက်တည်း ခေါ်ဖို့အတွက်ပါ"

      မောင်သည် နုကို ချစ်သည့် အချစ်တွေနဲ့ပတ်သက်ရင် သိပ်ကိုပြတ်သားသည်။ယခုလိုပြောလိုက်ခြင်းကြောင့် တစ်ဖက်လူမကြိုက်မှာကိုလည်း မောင်ဂရုမစိုက်ပေ။

"ေမာင့္ၾကင္နာသူ"(Ongoing)Where stories live. Discover now